အစီရင်ခံစာအရ တရုတ်ပြည် သက်ကြီးရွယ်အိုများဆိုင်ရာတက္ကသိုလ်များ၌ သက်ကြီးကျောင်းသား ၁၀ သန်းကျော်ရှိ

2021-10-21 10:02:35 |သတင်းအရင်းအမြစ် 新华网

တရုတ်ပြည်၌ သက်ကြီးရွယ်အို မည်မျှသည် စာလေ့လာသင်ယူခြင်းကို ဝါသနာပါသနည်း၊ “ကျောင်းဆက်တက်”နေသေးသူ မည်မျှရှိသည်ကို အဆွေတို့ သိပါသလား။ တရုတ်ပြည် သက်ကြီးရွယ်အိုများဆိုင်ရာတက္ကသိုလ်အသင်းသည် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ပီကင်းမြို့၌ ထုတ် ပြန်ထားသော “တရုတ်သက်ကြီးရွယ်အိုများဆိုင်ရာ ပညာရေးဖွံ့ဖြိုးမှု အစီရင်ခံစာ (၂၀၁၉-၂၀၂၀)”အရ တရုတ်ပြည် သက်ကြီးရွယ်အိုများဆိုင်ရာ တက္ကသိုလ်များ၌ သက်ကြီးကျောင်းသားဦးရေ စုစုပေါင်း ၁၀ သန်းကျော် ရှိ‌ကြောင်း သိရပါသည်။

၂၀၁၉ ခုနှစ်ကုန်အထိ တရုတ်နိုင်ငံတွင် သက်ကြီးရွယ်အိုများဆိုင်ရာ တက္ကသိုလ်(ကျောင်း) ပေါင်း ၇၆၀၀၀ ခန့်ရှိပြီး ကျောင်းသား ၁၀.၈၈၂ သန်းခန့် ရှိသည်။ ကျောင်းသား ၈၀ ရာခိုင်နှုန်း ကျော်သည် အသက် ၇၀ နှစ်အောက် ဖြစ်ပြီး ၎င်းတို့အနက် အသက် ၆၀ မှ ၆၉ ကြားရှိ ကျောင်းသားအချိုးအစားသည် အများဆုံးဖြစ်ကာ ကျောင်းသားစုစုပေါင်း၏ ထက်ဝက်ခန့် ရှိကြောင်း သိရပါသည်။

အနာဂတ်တွင် လေ့လာသင်ယူခြင်းသည် သက်ကြီးရွယ်အိုများအတွက် အပန်းဖြေရန် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်သည်ဟု တရုတ် သက်ကြီးရွယ်အိုများအသင်း ဒုဥက္ကဋ္ဌ ဦးယွီရှောင်က ပြောသည်။