ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အတွက် လူပေါင်း ၄,၇၀၀ ကျော်သည် စေတနာ့ဝန်ထမ်းအဖြစ် အောက်တိုဘာ ၂၀ ရက်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သလို ၎င်းတို့၏ တာဝန်များ ထမ်းဆောင်ရန် စတင်ခဲ့ကြောင်း ဒေသခံအာဏာပိုင်များ ပြောကြားချက်အရ သိရသည်။
အဆိုပါ စေတနာ့ဝန်ထမ်းများသည် ရှန်ဟိုင်းမြို့မှ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများဖြစ်ပြီး ၎င်းတို့အနက် ၈၀ ရာခိုင်နှုန်းကျော်မှာ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားခဲ့သူများဖြစ်ကြောင်း တရုတ်ကွန်မြူနစ်လူငယ်များအဖွဲ့ချုပ်၏ ရှန်ဟိုင်း မြူနီစီပယ်ကော်မတီအရ သိရသည်။
စေတနာ့ဝန်ထမ်းများ၏ တာဝန်များတွင် ပွဲကျင်းပရာနေရာ၌ လမ်းညွှန်ပုဂ္ဂိုလ်များ၊ ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အချက်အလက် ပေးအပ်ခြင်းနှင့် ပြပွဲအတွင်း အခြားဆက်စပ်သောလုပ်ငန်းများ ကိုင်တွယ်ဖြေရှင်းခြင်း စသည်တို့ ပါဝင်သည်။
စေတနာ့ဝန်ထမ်း ထောင်ပေါင်းများစွာသည် ပြပွဲကြီးအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန် ၂၀၁၈ ခုနှစ်က ပထမဆုံး CIIE ကျင်းပစဉ်ကတည်းက ဝန်ဆောင်မှုလုပ်ငန်းများ ပံ့ပိုးပေးလျက်ရှိသည်။ (Xinhua)