အောက်တိုဘာလ ၂၁ ရက်နေ့တွင် “လန်ချန်-မဲခေါင် ခရီးသွားမြို့တော် ပူးပေါင်းဆောင်ရွက်ရေးမဟာမိတ်ညီလာခံ (လန်ချန်-မဲခေါင် မြို့တော်ဝန် ယဉ်ကျေးမှုနှင့် ခရီးသွား ဖိုရမ်)”ကို တရုတ်နိုင်ငံ ချုံချင့်မြို့၌ ကျင်းပခဲ့သည်။ ကူမင်းမြို့သည် အဆိုပါ မဟာမိတ်၏ ပထမဆုံးသော တရုတ်အဖွဲ့ဝင်မြို့အနေနှင့် ညီလာခံတွင် ပါဝင်တက်ရောက်ပြီး နိုင်ငံအသီးသီးနှင့် တက်ကြွစွာ ပြောဆိုဆက်ဆံကာ ပူးပေါင်းဆောင်ရွက်ရေးကို အတူတကွ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
ယခုတစ်ကြိမ် ညီလာခံကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ အိမ်ရှင်အဖြစ် လက်ခံခဲ့ပြီး ချုံချင့်မြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသည် ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ကာ အွန်လိုင်းနှင့် အော့ဖ်လိုင်း ပေါင်းစပ်ကျင်းပသော နည်းလမ်းဖြင့် ပြုလုပ်ကြောင်း သိရပါသည်။ ညီလာခံတွင် “လန်ချန်-မဲခေါင် ခရီးသွားမြို့တော် ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ် လုပ်ငန်းအစီအစဉ်နှင့် ငါးနှစ် စီမံချက်”၊ “လန်ချန်-မဲခေါင် ခရီးသွားခြင်း ပူးပေါင်းဆောင်ရွက်မှု ချုံချင့် အဆိုပြုချက်” စသော အရေးကြီးသည့် အချက်အလက်များကို ပြုစုပြီး လန်ချန်-မဲခေါင် ခရီးသွားမြို့တော် ပူးပေါင်းဆောင်ရွက်ရေးမဟာမိတ် ယန္တရားတည်ဆောက်မှုအတွက်၊ မဟာမိတ် စနစ်တကျ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးသက်ရောက်မှုရှိသော အခန်းကဏ္ဍ များစွာ ပါဝင်ကြောင်း သိရပါသည်။
သက်ဆိုင်ရာနိုင်ငံများမှ ဝန်ကြီးဌာန အကြီးအကဲများ၊ မဲခေါင်မြစ်ဝှမ်းနိုင်ငံ ၅ နိုင်ငံမှ တရုတ်နိုင်ငံဆိုင်ရာ သံတမန်များ၊ ပြည်တွင်းပြည်ပမှ နာမည်ကျော်ပညာရှင်များ၊ နာမည်ကြီး ကုမ္ပဏီများမှ ကိုယ်စားလှယ်များစသော ဧည့်သည်များစုဝေးကြပြီး လန်ချန်-မဲခေါင်ဒေသခွဲ ယဉ်ကျေးမှု ခရီးသွားလုပ်ငန်း၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံဥာဏ်များ မျှဝေခဲ့ကြကြောင်း သိရပါသည်။