ယခုရက်ပိုင်းတွင် ပီကင်းမြို့ရှိ အဆင့်မြင့် အလိုအလျောက်မောင်းနှင်ခြင်း သရုပ်ပြဇုန်၏ အလုပ်ရုံးခန်းသည် “မောင်းသူမဲ့" စမ်းသပ်မှုအခြေအနေများကို တရာဝင်ဖွင့်လှစ်လိုက်ပြီး "မောင်းသူမဲ့"လမ်းမပေါ်တွင် စမ်းသပ်မောင်းနှင်ခြင်းကို အဆင့်များစွာဖြင့် စနစ်တကျ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံရေးမူဝါဒအရ ဖွင့်ထားသော "မောင်းသူမဲ့"စမ်းသပ် လမ်းမ၏ အတိုင်းအတာတွင် ပီကင်းမြို့၌ မြို့ပြလမ်းမ ကီလိုမီတာ ၁၀၀ ကျော် ပါဝင်ပါသည်။ စည်းကမ်းချက်အရ ကုမ္ပဏီများသည် လမ်းစမ်းသပ်မှုပြုလုပ်ရာတွင် နံနက်ပိုင်းနှင့် ညနေပိုင်း အချိန်များကို ရှောင်ရှားရန် လိုအပ်ကြောင်း၊ မော်တော်ယာဉ် ကိုယ်ထည်ပေါ်တွင် ထင်ရှားသော "မောင်းသူမဲ့" စမ်းသပ်လိုဂိုကို တပ်ဆင်ထားရကြောင်း သိရပါသည်။