ကူမင်းမြို့သည် ခေါင်းနီစင်ရော်များ၏ အာခေါင်တို့ပတ်ဓာတ်ခွဲနမူနာ ၂၀၀ ခု စုဆောင်းစစ်ဆေးမည်

2021-10-29 18:45:04 |သတင်းအရင်းအမြစ် 新华网

အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကူမင်းမြို့ သစ်တောနှင့် မြက်ခင်းပြင်ဦးစီးဌာနသည် ၂၀၂၁ ခုနှစ် ခေါင်းနီစင်ရော်များ ကာကွယ်ရေးလုပ်ငန်းအစည်းအဝေး၏ ထုတ်ပြန်ချက်အရ ယခုထိ တျန်ချီရေကန်ကြီးသို့ ခေါင်းနီစင်ရော် အရေအတွက် ၁၁၀၀ ကျော် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ နိုဝင်ဘာလတွင် ကူမင်းမြို့သည် စင်ရော်ကြည့်ရှုသော အကောင်းဆုံးရာသီချိန် ဖြစ်ကြောင်း သိရပါသည်။ ကူမင်းမြို့ သစ်တောနှင့် မြက်ခင်းပြင်ဦးစီးဌာနသည် ယခုနှစ်တွင် စင်ရော် အစာ ၃၃.၅ တန်ကို ဝယ်ယူခဲ့ပြီး စေတနာ့ဝန်ထမ်း စောင့်ကြည့်ရေးမှူး ၆၀ နီးပါးကို အစာကျွေးနေရာ ၆၂ ခုတွင် စီစဉ်ကာ ခေါင်းနီစင်ရော်များကို အစာကျွေးကြမည် ဖြစ်ကြောင်း သိရပါသည်။

ထို့အပြင် ယခုနှစ်တွင် ခေါင်းနီစင်ရော် အကောင် ၂၀၀ ကို မှတ်တမ်းကောက်ယူရန် စီစဉ်ထားပြီး ခေါင်းနီစင်ရော်၏ သွေးရည်ကြည်၊ အာခေါင်တို့ပတ် ဓာတ်ခွဲနမူနာနှင့် မစင် ၂၀၀ ကို စုဆောင်းပြီး စစ်ဆေးမည် ဖြစ်ကြောင်း သိရပါသည်။