ဟွာဝေး ဥရောပနည်းပညာပံ့ပိုးမှုစင်တာ စပိန်နိုင်ငံတွင် ဖွင့်လှစ်

2021-11-01 13:21:03 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံမှ ကုမ္ပဏီလုပ်ငန်းဖြစ်သည့် ဟွာဝေးသည် ဥရောပတွင် ဝန်ဆောင်မှုနှင့်နည်းပညာပံ့ပိုးမှုစင်တာသစ်တစ်ခုအား အောက်တိုဘာ ၂၇ ရက်က စပိန်နိုင်ငံ မြို့တော် မက်ဒရစ်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ယခုဖွင့်လှစ်သည့် စင်တာက ဥရောပ ၁၀ နိုင်ငံ အဓိက ဆက်သွယ်ရေးအော်ပရေတာများအတွက် နည်းပညာပံ့ပိုးပေးမည်ဖြစ်ကြောင်း ဟွာဝေး စပိန်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် လီဟုန်ပေါက ဆိုသည်။

စပိန်သည် ဟွာဝေးကို အမြဲ ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံအားပေးမှုရှိခြင်းကြောင့် မက်ဒရစ်တွင် ဝန်ဆောင်မှုနှင့်နည်းပညာပံ့ပိုးမှုစင်တာ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က စပိန်အစိုးရနှင့်မက်ဒရစ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မျှတမှုရှိသည့် စက်မှုလုပ်ငန်းမူဝါဒကို အတည်ပြုခဲ့ရာ ဟွာဝေးအတွက် ပွင့်လင်းမြင်သာသော စီးပွားရေးပတ်ဝန်ကျင်းကို ပံ့ပိုးပေးခဲ့ကြောင်း၊ ထိုကြောင့် စပိန်နိုင်ငံ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာကဏ္ဍ၏ အခြေခံအဆောက်အအုံတည်ဆောက်ရေးတွင် ဟွာဝေးဘက်စုံပါဝင်လာနိုင်ခြင်း ဖြစ်ကြောင်း ၊ စပိန်ရှိအားပေးသူများနှင့်ပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက်များ ကုမ္ပဏီကို အထူးယုံကြည်မှုရှိကြကြောင်း ဆိုသည်။

အဆိုပါဝန်ဆောင်မှုနှင့်နည်းပညာပံ့ပိုးမှုစင်တာက ဒေသအတွက် အလုပ်အကိုင်နေရာ ၂၀၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ပြီး ဤဒေသကို ဥရောပတိုက် နည်းပညာနှင့်ဒစ်ဂျစ်တယ်ကဏ္ဍတွင် စံတစ်ခုဖြစ်လာရန် မြှင့်တင်ပေးခြင်း ဖြစ်ကြောင်း မက်ဒရစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြီးအကဲ Ayusoက အောက်တိုဘာ ၂၇ ရက် စင်တာဖွင့်လှစ်ပွဲတွင် ပြောကြားခဲ့သည်။

ဟွာဝေးကုမ္ပဏီသည် လက်ရှိ ဥရောပတိုက်တွင် ဝန်ထမ်း ၁ သောင်းကျော်ရှိဖြင့်လည်ပတ်နေပြီး ဥရောပတိုက်ရှိ နိုင်ငံအသီးသီးအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ယင်းကုမ္ပဏီက ဆိုသည်။ (Xinhua)