သမ္မတရှီကျင့်ဖိန်က ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ သဘောတူညီမှု ၊ ပါရီသဘောတူညီချက်အား အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ရန် ပြောကြား

2021-11-02 11:41:40 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဘုံစည်းမျဉ်းစည်းကမ်းနှင့် မတူခြားနားသော တာဝန်ဝတ္တရားများအား လိုက်နာဆောင်ရွက်ခြင်းဖြင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂသဘောတူညီမှုမူဘောင်နှင့် ပါရီသဘောတူညီချက်အား အပြည့်အဝနှင့် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကြိုးပမ်းအားထုတ်သွားရန်အတွက် အောက်တိုဘာလ ၃၁ ရက်‌တွင် တိုက်တွန်း တောင်းဆိုခဲ့သည်။

သမ္မတရှီကျင့်ဖိန်သည် ၁၆ ကြိမ်မြောက် G20 ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို ပေကျင်းမြို့မှ နေ၍ ဗီဒီယိုလင့်ခ်ဖြင့် တက်ရောက်မိန့်ခွန်းပြောကြားစဉ် ထိုသို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ (Xinhua)