အမေရိကန်အား ကိုဗစ်-၁၉ ဗိုင်းရပ်စ် အရင်းအမြစ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်ပြီဟု အမေရိကန်၏ အစီရင်ခံစာက နိုင်ငံတကာမိသားစုကြီးအား သတိပေးနေ

2021-11-02 14:49:11 |သတင်းအရင်းအမြစ် CRI

မကြာခင်က အမေရိကန်နိုင်ငံတော် ထောက်လှမ်းရေးဒါရိုက်တာရုံးက ကိုဗစ်-၁၉ ဗိုင်းရပ်စ် အရင်းအမြစ်ဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်၍ နောက်ထပ်တစ်ကြိမ် နိုင်ငံရေးကြိုးကိုင်လုပ်ဆောင်မှုကို ပြုလုပ်ခဲ့ပြန်ပါသည်။ အဲဒီအစီရင်ခံစာသည် အရင်က ထုတ်ပြန်ခဲ့‌‌သောကောက်နုတ်ချက် အစီရင်ခံစာနည်းတူ အထဲမှာ “အထောက်အထား မထင်ရှားခြင်း”၊ “ကောက်ချက်ချလို့ မရခြင်း”စ‌သောဖေါ်ပြချက်များ ပြည့်နေကာ၊ ဒီအစီရင်ခံစာက နိုင်ငံရေးအစီရင်ခံစာ၊ အတုအပအစီရင်ခံစာ ဖြစ်ခြင်းနှင့် သိပ္ပံပညာကျမှုနှင့် ယုံကြည်ရမှု လုံးဝမရှိခြင်းကို နောက်ထပ်တစ်ကြိမ် ပြသထားပါသည်။ တစ်ချိန်တည်းမှာ အမေရိကန်ကို ကိုဗစ်-၁၉ ဗိုင်းရပ်စ် အရင်းအမြစ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်ပြီဟု အမေရိကန်၏အစီရင်ခံစာသည် နိုင်ငံတကာမိသားစုကြီးအား ထပ်တစ်ကြိမ် သတိပေးနေပါသည်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို အောင်မြင်စွာ တိုက်ဖျက်လိုပါက နိုင်ငံတကာမိသားစုကြီး လိုအပ်တာဟာ အမေရိကန်လို သူတစ်ပါးကို အပြစ်လွှဲချ‌သောလုပ်ရပ် မဟုတ်ဘဲ သွေးစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းပဲ ဖြစ်ပါသည်။ အမေရိကန်အနေနှင့် နိုင်ငံရေးကြိုးကိုင်လုပ်ဆောင်မှုကို အမြန်ဆုံးရပ်စဲပြီး တာဝန်ယူ‌သော သဘောထားနှင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ် အရင်းအမြစ်ကို သိပ္ပံပညာကျကျ စုံစမ်းရှာဖွေခြင်းကို ထောက်ခံရပါမည်။ အမေရိကန်အနေနှင့် နိုင်ငံတကာမိသားစုကြီး၏ အာရုံစူးစိုက်ချက်များကို တုံ့ပြန်ပေးပြီး Fort Detrick ဇီဝစမ်းသပ်ခန်းနှင့် ဇီဝစမ်းသပ်ရေးအခြေစိုက်စခန်းများကို အမြန်ဆုံးဖွင့်လှစ်ပေး၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များ၏ စုံစမ်းစစ်ဆေးမှုကို လက်ခံရပါမည်။ “ကမ္ဘာ့ပထမ ကိုဗစ်-၁၉ ခုခံရေး ရှုံးနိမ့်တဲ့နိုင်ငံ”အဖြစ်နှင့် အမေရိကန်သည် လာမည့်အဆင့်ကာလ တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် အရင်းအမြစ် စုံစမ်းစစ်ဆေးမှု အဓိကခံရသူ ဖြစ်သင့်သည်ဟု China Media Groupမှ သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါသည်။(CRI Myanmar)