ထိုင်း၊ စင်္ကာပူ၊ ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်အပါအဝင် အာဆီယံ ၆ နိုင်ငံတို့သည် အောက်တိုဘာလ ၂၈ ရက်နေ့က ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ်(RCEP) စစ်ဆေးအတည်ပြုလွှာကို တင်ပြခဲ့ပြီ ဖြစ်ကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ်၊ ကုန်သွယ်ရေးဝန်ကြီး ဇူလင်က ယမန်နေ့ ၁ ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။
ယင်းသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် အာဆီယံနိုင်ငံများအနက် အနည်းဆုံး ၆ နိုင်ငံ၊ အာဆီယံနိုင်ငံမဟုတ်သော နိုင်ငံများအနက် အနည်းဆုံး ၃ နိုင်ငံက သဘောတူစာချုပ်ကို စစ်ဆေးအတည်ပြုမှသာ ယင်းသဘောတူစာချုပ်သည် တရားဝင် အာဏာတည်မည်ဟု သက်ဆိုင်ရာ သတ်မှတ်ချက်အရ သိရပါသည်။ RCEP သဘောတူစာချုပ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ သတ်မှတ်ထားသည့်အတိုင်း အာဏာတည်မည်ဖြစ်ပါသည်။(CRI Myanmar)