စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင်များဖိုရမ် ဖွင့်လှစ်

2021-11-03 10:17:43 |သတင်းအရင်းအမြစ် CRI

နိုဝင်ဘာလ ၁ ရက်နေ့က စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင်များ ဖိုရမ်ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်တွင် ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ခဲ့သည်။ နိုဗယ်ဆုရသူ ၆၈ ဦးအပါအဝင် ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာ ဆုရသူ ၁၃၁ ဦး၊ တရုတ်သိပ္ပံပညာတံခွန်အသင်းနှင့် တရုတ်အင်ဂျင်နီယာပညာတံခွန်အသင်းမှ အသင်းဝင် ဆယ်ပေါင်းများစွာ၊ နိုင်ငံအသီးသီးမှ ထိပ်တန်း လူငယ်သိပ္ပံပညာရှင် ၁၃၂ ဦး၊ အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များနှင့် “သိပ္ပံပညာရှင်လူငယ်ကလေး” ၁၀၀ တို့က ယခုအကြိမ်ဖိုရမ်သို့ တက်ရောက်ခဲ့ကြ၍ ယခုအကြိမ်ဖိုရမ်၏ အဆင့်အတန်းနှင့် အတိုင်းအတာသည် သမိုင်းတွင် အမြင့်ဆုံးဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယခုအကြိမ်ဖိုရမ်သည် တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာ စိန်ခေါ်မှုများကို ရင်ဆိုင်ပြီး သိပ္ပံနည်းကျသော နည်းလမ်းများကို တိုင်ပင် ရှာကြံမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။(CRI Myanmar)