အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်မီးရထားကုမ္ပဏီအုပ်စု ကူမင်းကုမ္ပဏီမှ သတင်းအရ တရုတ်-လာအို ရထားလမ်း လိုင်းတစ်လျှောက်လုံး လျှပ်စစ်ဓါတ်အား အောင်မြင်စွာ ပို့လွှတ်နိုင်ခဲ့ပြီ ဖြစ်ပြီး လျှပ်စစ်ဓါတ်အားလိုင်းနှင့် ဆက်စပ်သော စက်ကိရိယာ အဆောက်အဦးများ အားလုံးကို အရည်အသွေး ပြည့်မီစွာ တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း သိရပါသည်။
တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲပြီးနောက် တရုတ်နိုင်ငံ ကူမင်းမြို့မှ လာအိုနိုင်ငံ ဗီယင်ကျန်းသို့ တစ်နေ့တည်းဖြင့် သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။(CRI Myanmar)