ရှီကျင့်ဖိန်က စစ်လက်နက်ပစ္စည်းများရယူခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ကြေညာထုတ်ပြန်ရန် လက်မှတ်ရေးထိုး

2021-11-04 09:15:51 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ဥက္ကဌဖြစ်သူ သမ္မတရှီကျင့်ဖိန်က စစ်လက်နက်ပစ္စည်းများရယူခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကြေညာထုတ်ပြန်ရန် အမိန့်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် စစ်မြေပြင်တိုက်ခိုက်ရေးစွမ်းဆောင်ရည်များမြှင့်တင်ခြင်းကို အလေးထားကာ ယင်းစည်းမျဉ်းစည်းကမ်းများသည် စစ်လက်နက်ပစ္စည်းကိရိယာများရယူခြင်းဆိုင်ရာ စီမံခန့်ခွဲမှုအတွက် လိုက်နာရမည့် အခြေခံစည်းမျဉ်းများ ဖြစ်ကြောင်း သိရသည်။

ပြဌာန်းချက် အခန်းခွဲ ၈ ခုဖြင့် ပုဒ်မခွဲ ၄၂ ခုပါဝင်သော ယင်းစည်းမျဉ်းစည်းကမ်းများသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့ကြောင်း သိရသည်။(Xinhua)