နိုဝင်ဘာလ ၄ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆုံးအခြေအနေ

2021-11-05 14:54:48 |သတင်းအရင်းအမြစ် 新华网

နိုဝင်ဘာလ ၄ ရက်နေ့ တစ်ရက်တာအတွင်း တရုတ်နိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ဗဟိုအစိုးရ လက်အောက်ရှိ မြို့များ အပါအဝင် ပြည်နယ် ၃၁ ခု နှင့် ရှင်ကျန် ထုတ်လုပ်မှုနှင့် ဆောက်လုပ်ရေး ကော်ပိုရေးရှင်းတို့မှ အတည်ပြုလူနာအသစ် ၇၈ ဦး တိုးလာသည်။ ၎င်းတို့အနက် ပြည်ပမှ ရောဂါကူးစက်မှုမှာ ၁၀ မှု ရှိပြီး ကွန်ရှီး ၃ မှု၊ ရှန်ဟိုင်း ၃ မှု၊ ကွမ်တုန်း ၁ မှု၊ ယူနန် ၁ မှု၊ လျောင်လင် ၁ မှု၊ ထျန်ကျင် ၁ မှု တို့ဖြစ်ကြောင်း၊ ပြည်တွင်း ရောဂါကူးစက်မှုမှာ ၆၈ မှု ရှိကြောင်း၊ သေဆုံးမှုအသစ် မရှိကြောင်း၊ သံသယရှိသူအသစ် ၁ ဦး တိုးပြီး ပြည်ပမှ ရောဂါကူးစက်မှုဖြစ်ကာ ရှန်ဟိုင်းမှ ဖြစ်ကြောင်း သိရပါသည်။

နိုဝင်ဘာလ ၄ ရက်နေ့တွင် ရောဂါပျောက်ကင်းသက်သာသူဦးရေ ၂၉ ဦးရှိပြီး ကျန်းမာရေးအရ ရောဂါစောင့်ကြပ်စစ်ဆေးမှုမှ လွတ်မြောက်လာသော အနီးကပ်ထိတွေ့ဆက်ဆံဖူးသူ ၁၉၉၀ ဦး ရှိကြောင်း သိရပါသည်။

နိုဝင်ဘာလ ၄ ရက်နေ့အထိ တရုတ်နိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ဗဟိုအစိုးရ လက်အောက်ရှိ မြို့များ အပါအဝင် ပြည်နယ် ၃၁ ခု နှင့် ရှင်ကျန် ထုတ်လုပ်မှုနှင့် ဆောက်လုပ်ရေး ကော်ပိုရေးရှင်းတွင် လက်ရှိ အတည်ပြုလူနာ စုစုပေါင်း ၁၁၂၉ ဦး (၎င်းတို့အနက် ရောဂါအခြေအနေပြင်းထန်သူ ၃၇ ဦး)ရှိကြောင်း၊ ရောဂါ ပျောက်ကင်းသက်သာသူ စုစုပေါင်း ၉၁၈၄၀ ဦး ရှိကြောင်း၊ သေဆုံးမှု အရေအတွက် စုစုပေါင်း ၄၆၃၆ ဦး၊ အတည်ပြုလူနာ စုစုပေါင်း ၉၇၆၀၅ ဦး၊ လက်ရှိ သံသယရှိသူစုစုပေါင်း ၄ ဦး ရှိကြောင်း သိရပါသည်။ အနီးကပ်ထိတွေ့ဆက်ဆံဖူးသူဦးရေ စုစုပေါင်း ၁၂၇၂၃၃၃ ဦးကို ခြေရာခံပြီး ကျန်းမာရေးအရ ရောဂါစောင့်ကြပ် စစ်ဆေးနေသော အနီးကပ်ထိတွေ့ ဆက်ဆံဖူးသူ ၄၅၃၈၆ ဦးရှိကြောင်း သိရပါသည်။