ကမ္ဘာတွင် အလွန်လှပတင့်တယ်ပြီး အမှတ်တရဖြစ်စေမည့် အိုလံပစ်အားကစားပွဲကြီးကို တရုတ်နိုင်ငံက ကျင်းပသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

2021-11-05 15:35:41 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံသည်“အစိမ်းရောင်ဖြစ်မှု ၊ အတူမျှဝေမှု ၊ တံခါးဖွင့်မှု၊ သန့်ရှင်းစင်ကြယ်မှု”စသည့်ဦးတည်ချက်များဖြင့် အိုလံပစ်အားကစားပွဲကျင်းပရေး အတွေးအမြင်ဖြင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၊ နိုင်ငံအသီးသီးနှင့်အတူ “ပို၍ စည်းလုံးညီညွတ်”သည့် အိုလံပစ်စိတ်ဓါတ်ကို ပြသကာ ကမ္ဘာ့တွင် နက်ရှိုင်းသည့်အမှတ်တရနှင့် လှပသည့်အောက်မေ့ဖွယ်ရှိစေမည့် အိုလံပစ်အားကစားပွဲကြီးကို ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။ယခုရက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီဝဘ်ဆိုက်၌ G20ခေါင်းဆောင်များ ရောမထိပ်သီးအစည်းအဝေး ကြေညာချက်ဖော်ပြရာတွင် ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်ကို ထောက်ခံအားပေးကြောင်းဖော်ပြချက်အား ကိုးကားတင်ပြထားသည်ကို တွေ့ရှိပြီး အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bachကလည်း G20ခေါင်းဆောင်များ၏ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲအပေါ် အသိအမှတ်ပြုအားပေးထောက်ခံသည့်အတွက် ကြိုဆိုကြောင်းနဲ့ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ရာ ထို့အပေါ် မည်သို့ မှတ်ချက်ပြုချင်သည်နည်းဟူ၍ ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အပေါ် ဝမ်းက အထက်ပါတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ပေကျင်း ဆောင်းရာသီ အိုလံပစ်သည် နိုင်ငံအသီးသီးမှ အားကစားသမားများ၏ ပွဲတော်ကြီးဖြစ်သလို လူသားများ၏ စည်းလုံးညီညွတ်ချစ်ကြည်ရင်းနှီးမှုရှိသည့် အမှတ်သင်္ကေတလည်းဖြစ်ကြောင်း ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။ ယခုကာလများတွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီနှင့်အတူ နိုင်ငံအများအပြားက ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲအတွက် ဆုမွန်ကောင်းနှင့်အားပေးထောက်ခံလျက်ရှိကြောင်း ၎င်းက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၊ အပြည်ပြည်ဆိုင်ရာ အားကစားဖက်ဒရေးရှင်း (GAISF) ၊ နိုင်ငံအသီးသီးမှ အားကစားသမားများက ပေကျင်းဆောင်းရာသီအိုလံပစ် နိုင်ငံတကာအားကစားပြိုင်ပွဲစမ်းသပ်အဖွဲ့၏ လုပ်ငန်းများနှင့် ပြိုင်ပွဲကွင်း၊ခန်းမများအပေါ် မှတ်ချက်ကောင်းများပေးခဲ့သလို ဩစတြီးယား၊ ပြင်သစ်၊ ဆိုက်ပရပ်စ်၊ ဖင်လန်၊ ဂရိ၊ ဟန်ဂေရီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွစ်ဇာလန်၊ ရုရှား၊ ဘီလာရုဇ် စသည့်နိုင်ငံများမှ အစိုးရအဓိကအရာရှိများ၊ အိုလံပစ်ကော်မတီအရာရှိများက ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲကို ထောက်ခံကြောင်းနှင့်တက်ကြွစွာ ပါဝင်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို ထောက်ခံခဲ့ကြကြောင်း ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက အစိမ်းရောင်၊ အတူမျှဝေမှုရှိတဲ့၊ တံခါးဖွင့်၊ သန့်ရှင်းစင်ကြယ်တဲ့ အိုလံပစ်အားကစားပွဲကျင်းပရေး အတွေးအမြင်နဲ့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၊ နိုင်ငံအသီးသီးနဲ့အတူ ပိုပြီး စည်းလုံးညီညွတ်တဲ့ အိုလံပစ်စိတ်ဓါတ်ကို ပြသသွားမှာဖြစ်သလို ကမ္ဘာမှာ နက်ရှိုင်းတဲ့အမှတ်တရနဲ့လှပတဲ့အောက်မေ့ဖွယ်ရှိစေမယ့် အိုလံပစ်အားကစားပွဲကြီးကို ကျင်းပပြီး ဆောင်းရာသီအိုလံပစ်အားကစား ပိုမိုတွင်ကျယ်အောင်နဲ့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်လုပ်ငန်းတွေအတွက် အကျိုးသစ်ဆောင်ကြဉ်းသွားပါမယ်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။(Xinhua)