တရုတ်နိုင်ငံသည် "ဘက်စုံတိုးတက်သော ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်" ပါဝင်ရေးကို တက်ကြွစွာ တွန်းအားပေးမည်ဟု ရှီကျင့်ဖိန်ဆို

2021-11-05 16:10:25 |သတင်းအရင်းအမြစ် CRI

တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ၄ ရက်နေ့က ဗီဒီယိုပုံစံဖြင့် စတုတ္ထ အကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော အစိမ်းရောင် လုပ်ငန်းများ၊ ဒစ်ဂျစ်တယ်စီးပွားရေး စသည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများတွင် နက်ရှိုင်းစွာ ပါဝင်ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ဘက်စုံတိုးတက်သော ပစိဖိတ် ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ် နှင့် ဒစ်ဂျစ်တယ် စီးပွားရေး မိတ်ဖက် ဆက်ဆံရေး သဘောတူစာချုပ်တွင် ပါဝင်ရေးကို တက်ကြွစွာ တွန်းအားပေး ဆောင်ရွက် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။(CRI Myanmar)