ယခုနှစ် ပထမ(၁၀)လများတွင် တရုတ် သွင်းကုန်ပို့ကုန်စုစုပေါင်းပမာဏ ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် (၂၂.၂)ရာခိုင်နှုန်း တိုးများ

2021-11-08 10:31:55 |သတင်းအရင်းအမြစ် CRI

တရုတ်အကောက်ခွန်ဌာနချုပ်မှ စာရင်းအရ ယခုနှစ် ပထမ (၁၀) လများတွင် တရုတ်နိုင်ငံ၏ သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏမှာ တရုတ်ငွေယွမ် ဘီလီယံ (၃၁၆၇၀) ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် (၂၂.၂) ရာခိုင်နှုန်းတိုးများလာ၍ ၂၀၁၉ ခုနှစ် အလားတူ အချိန်ပိုင်းကထက် (၂၃.၄)ရာခိုင်နှုန်းတိုးများလာကြောင်း၊ ၎င်းအနက် ပို့ကုန်ပမာဏမှာ တရုတ်ငွေယွမ် ဘီလီယံ(၁၇၄၉၀)ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်း ကထက် (၂၂.၅)ရာခိုင်နှုန်း တိုးများလာ၍ ၂၀၁၉ ခုနှစ် အလားတူ အချိန်ပိုင်းကထက် (၂၅)ရာခိုင်နှုန်းတိုးများလာကြောင်း၊ သွင်းကုန်ပမာဏမှာ တရုတ်ငွေယွမ် ဘီလီယံ(၁၄၁၈၀) ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် (၂၁.၈)ရာခိုင်နှုန်း တိုးများလာ၍ ၂၀၁၉ ခုနှစ် အလားတူ အချိန်ပိုင်းကထက် (၂၁.၄)ရာခိုင်နှုန်းတိုးများလာကြောင်း၊ ပို့ကုန်ပမာဏက သွင်းကုန်ပမာဏထက် တရုတ်ငွေယွမ် ဘီလီယံ (၃၃၁၀) ပိုများပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် (၂၅.၅)ရာခိုင်နှုန်းတိုးများလာကြောင်း သိရသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။(CRI Myanmar)