RECPသဘောတူစာချုပ် ကျင့်သုံးဆောင်ရွက်ရန် တရုတ်ပြည် အဆင်သင့်ဖြစ်နေပြီ

2021-11-08 10:46:26 |သတင်းအရင်းအမြစ် CRI

နိုဝင်ဘာလ ၂ ရက်နေ့က အာဆီယံအတွင်းရေးမှူးရုံးက ကြေညာချက်ထုတ်ပြန်ပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်စသည့် အာဆီယံအဖွဲ့ဝင် ၆ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ နယူးဇီးလန်၊ သြစတြေးလျအပါအဝင် အာဆီယံ အဖွဲ့ဝင် မဟုတ်သော ၄ နိုင်ငံတို့သည် အာဆီယံအတွင်းရေးမှူးချုပ်ထံသို့ RECP သဘောတူစာချုပ် စစ်ဆေးအတည်ပြုလွှာကို တရားဝင် တင်ပြခဲ့ပြီး သက်ဆိုင်ရာ သတ်မှတ်ချက်အရ ယင်းစာချုပ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ တရားဝင်အာဏာတည်မည် ဖြစ်ကြောင်း ဖော်ပြပါသည်။

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတကာရေးရာဦးစီးဌာနမှ တာဝန်ခံပုဂ္ဂိုလ်က RECPသဘောတူစာချုပ် ကျင့်သုံးဆောင်ရွက်ရန် တရုတ်ပြည်သည် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း၊ RECPသဘောတူစာချုပ် အာဏာတည်ခြင်းသည် ဒေသတွင်း စီးပွားရေး တပြေးညီ ဖြစ်စေရေးနှင့် ကပ်ရောဂါ ဖြစ်ပွားပြီးခေတ်ကာလတွင် စီးပွားရေး နာလန်ပြန်ထူလာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစွာ တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံများတွင် RECP သဘောတူစာချုပ်ကို ဆောလျင်စွာ ဘက်စုံကျင့်သုံးဆောင်ရွက်နိုင်ရန် တရုတ်ပြည်က မျှော်လင့်ကြောင်း ဖော်ပြပါသည်။(CRI Myanmar)