"ပြောင်းလဲမည်မဟုတ်" ၃ ရပ်သည် ကမ္ဘာက စောင့်မျှော် နေသော တံခါးဖွင့်သော အသံဖြစ်သည်

2021-11-08 10:50:02 |သတင်းအရင်းအမြစ် CRI

"ဒီနှစ်ကုန်စည်ပြပွဲမှာ လေးကြိမ် ဆက်တိုက်ပါဝင်ခြင်းဖြစ်ပါတယ်။ CIIE မှာ ပါဝင်ခဲ့တဲ့ လာရောက်ပြသသူတွေကနေ တရုတ်နိုင်ငံမှာ ရင်းနှီးမြှုုပ်နှံမှုတွေ အဆက်မပြတ်တိုးလာနေတဲ့ ရင်းနှီးမြှုုပ်နှံသူတွေ ဖြစ်လာပါတယ်” အမေရိကန် Qualcomm ကုမ္ပဏီ တရုတ်ဇုန်ကဒါရိုက်တာချုပ် Meng Pu သည် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲတွင် ပါဝင်သည့် အောင်ကျိုးရလဒ်ကို ပြောကြားရာတွင် အလွန် စိတ်လှုပ်ရှားခဲ့သည်။

ပိုပြီးစိတ်လှုပ်ရှားစေတာကတော့ တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ၄ ရက်နေ့ ညက ဗီဒီယိုပုံစံဖြင့် ၄ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည့်အခါတွင် “ပြောင်းလဲမည်မဟုတ်” သုံးရပ်ကို ပြောကြားခဲ့သည်။ ယင်းတို့မှာ တရုတ်နိုင်ငံ၏ အရည်အချင်း မြင့်မားသော တံခါးဖွင့်ရေးကို တိုးချဲ့ဆောင်ရွက်ရန် သန္နိဋ္ဌာန် ပြောင်းလဲမည် မဟုတ်ကြောင်း၊ ကမ္ဘာကြီးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို မျှဝေရန် သန္နိဋ္ဌာန် ပြောင်းလဲမည် မဟုတ်ကြောင်း၊ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို ပိုမို တံခါးဖွင့်အောင်၊ ပိုမို သက်ညှာထောက်ထားအောင်၊ ပိုမို ညီမျှအောင်၊ ပိုမို အပြန်အလှန် အကျိုးရှိစေအောင် တိုးတက်ဖို့ တွန်းအားပေးရန် သန္နိဋ္ဌာန် ပြောင်းလဲမည် မဟုတ်ကြောင်း ဖြစ်ပါသည်။

လွန်ခဲ့သည့် နှစ်နှစ်ဆယ်တုန်းက တရုတ်နိုင်ငံသည် WTO တွင် မပါဝင်ခင် WTO ဒါရိုက်တာချုပ် Mike Moore က International Herald Tribune သတင်းစာတွင် ဆောင်းပါးရေးသားပြီး အနာဂတ်သမိုင်းပညာရှင်များက တရုတ်နိုင်ငံ၏ WTO သို့ ဝင်ရောက်ခြင်းကို ၂၁ ရာစု၏အရေးကြီးဆုံး သမိုင်းဝင်ဖြစ်ရပ်ထဲက တစ်ခု ဖြစ်သည်ဟု သတ်မှတ်မည်ဖြစ်ကြောင်း ရေးသားခဲ့သည်။ တစ်ကမ္ဘာလုံးမှကုမ္ပဏီများအတွက် တရုတ်နိုင်ငံသည် WTO သို့ ဝင်ရောက်လာခြင်းမှာ အခွင့်အလမ်းများစွာ ဆောင်ကြဉ်းလာမည်ဟု ပြဆိုကြောင်း သူယူဆပါသည်။ Moore ၏ ခန့်မှန်းချက်ကို အချက်အလက်များက သက်သေပြခဲ့သည်။ ယနေ့တွင် တရုတ်နိုင်ငံသည် လူဦးရေ ၁.၄ ဘီလီယံကျော်ရှိပြီး အလယ်အလတ်ဝင်ငွေလူအုပ်သည် သန်း ၄၀၀ ကျော်ရှိကာ နှစ်စဉ် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၅၀၀ ခန့် တင်သွင်းလျက်ရှိသည်ဟု China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။(CRI Myanmar)