တရုတ်နိုင်ငံ လူလိုက်ပါသော အာကာသစီမံကိန်းရုံး၏ သတင်းအရ အာကာသယာဉ်မှူး ကျိုင်ကြည့်ကန်း၊ ဝမ်းရာဖိန်တို့သည် တရုတ်နိုင်ငံ၏မျိုးဆက်သစ် “ပျံသန်းခြင်း” အထူးအာကာသ ဝတ်စုံကို ဝတ်ဆင်ထားပြီး ပင်မအာကာသယာဉ်မှ အောင်မြင်စွာ ထွက်ခွာလှုပ်ရှားခဲ့ကြကြောင်း သိရပါသည်။ ကျိုင်ကြည့်ကန်းသည် တရုတ်နိုင်ငံ၏ ပထမဆုံးသော အာကာသယာဉ်ထဲမှ ထွက်သွားခဲ့သည့် အာကာသယာဉ်မှူးတစ်ဦး ဖြစ်ပြီး ယခုတစ်ကြိမ်သည် သူသည် ၁၃ နှစ်ကြာပြီးနောက် အာကာသယာဉ်ပြင်ပလုပ်ဆောင်ချက် ထပ်မံဆောင်ရွက်ခြင်း ဖြစ်သည်။ ဝမ်းရာဖိန်သည် တရုတ်နိုင်ငံ၏ ပထမဆုံးသော အာကာသယာဉ်မှ ထွက်ခွာလှုပ်ရှားသော အမျိုးသမီး အာကာသယာဉ်မှူးဖြစ်ပြီး တရုတ်နိုင်ငံမှ အမျိုးသမီးအာကာသယာဉ်မှူး၏ အာကာသ၌ ပထမခြေလှမ်းကို လျှောက်လမ်းခဲ့ခြင်းလည်းဖြစ်ကြောင်း သိရပါသည်။