ယခုရက်ပိုင်းများတွင် တရုတ်-အီဂျစ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။သဘောတူညီချက်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နိုဝင်ဘာ ၇ ရက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ကျင်းပခဲ့ရာ အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လျောက်လိချန်နှင့် အီဂျစ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီး Rania al-Mashatတို့က နှစ်နိုင်ငံအစိုးရကိုယ်စား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် လျောက်လိချန်က ယခုသဘောတူညီချက်လက်မှတ်ရေးထိုးခြင်းသည် တရုတ်-အီဂျစ်နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကကဏ္ဍ၏ မှတ်တိုင်သစ်ဖြစ်သလို နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး မူဘောင်အောက်တွင် အရည်အသွေးမြင့်လက်တွေ့ပူးပေါင်းဆောင်ရွက်သည့် ထင်ရှားမှုတစ်ခုလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ အတူလက်တွဲတည်ဆောက်ရေး မူဘောင်အောက်တွင် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သတင်းအချက်အလက်ဆက်သွယ်ရေးနှင့် အာကာသကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ တွန်းအားပေးဆောင်ရွက်ခဲ့ရာတွင် Ramadan ဥပုသ်လ ၁၀ ရက်တွင် မြို့ပတ်LRTမီးရထား၊ အီဂျစ်ဂြိုဟ်တုတပ်ဆင်ရေးစမ်းသပ်စင်တာစသည့် အရေးကြီးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အတူ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ရလဒ်ကောင်းများစွာ ရရှိခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အီဂျစ်နှစ်အတူ ကမ္ဘာ့ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို လျင်မြန်စွာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားကာ ကမ္ဘာကြီးရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားကောင်းထပ်လောင်းပေးလိုကြောင်း ပြောကြားခဲ့သည်။
Rania al-Mashatက တရုတ်နိုင်ငံသည် အီဂျစ်၏ အရေးကြီးဆုံး ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဆိုသည်။ အီဂျစ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး တရုတ်နိုင်ငံမှ ရေရှည် ကူညီပံ့ပိုးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ အထူးသဖြင့် ကိုဗစ်ကပ်ရောဂါကာလတွင် နှောင်ကြိုးမဲ့ကူညီမှုများက နှစ်နိုင်ငံအကြား နက်ရှိုင်းသည့်ချစ်ကြည်ရေးနှင့်စစ်မှန်သည့်သံယောဇဉ်ကို အပြည့်အဝဖော်ပြလျက်ရှိကြောင်း ၊တရုတ်နိုင်ငံ၏ ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးရေးရည်မှန်းချက်ကို လေးစားတန်ဖိုးထားကြောင်း ၊ အီဂျစ်နှင့်တရုတ်နိုင်ငံသည် လူဦးရေများပြားသည့် နိုင်ငံကြီးဖြစ်သည့်အလျောက် ဖွံ့ဖြိုးတိုးတက်ရေးကသာ ကိစ္စရပ်အလုံးစုံကိုဖြေရှင်းရာတွင် အရေးကြီးသောအချက်ဖြစ်သည်ကို လေးလေးနက်နက် သိရှိပါကြောင်း ၊ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးတွေ့အကြုံများကို လေ့လာသင်ယူပြီး ခေတ်မီနည်းပညာများဝင်ရောက်လာအောင်ဆောင်ရွက်သွားကာ အီဂျစ်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်၍ ပြည်သူ့အကျိုးတိုးပွားအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)