ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်အမတ်များသွားရောက်လည်ပတ်ခြင်းကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်

2021-11-10 16:33:45 |သတင်းအရင်းအမြစ် 新华网

အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်များသည် စစ်လေယာဉ်တစ်စင်းဖြင့် ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ခဲ့ခြင်းကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ကြောင်း နှင့် ပြစ်တင်ရှုတ်ချကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။“ အမေရိကန်ရဲ့လုပ်ရပ်ဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို စိတ်လိုလက်ရ ဝင်ရောက်စွက်ဖက်မှု ၊ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နက်ကို အမှန်တကယ် ယုတ်လျော့အောင်လုပ်ဆောင်မှု နဲ့ ထိုင်ဝမ်ဒေသမှာ တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးကို အလွန်းဆိုးရွားတဲ့ ခြိမ်းခြောက်မှု ပဲဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Tan Kefei က ပြောကြားခဲ့ပြီး ထိုင်ဝမ်သည် အလွန်အရေးပါပြီး ဖယ်ထုတ်၍ မရသော တရုတ်နိုင်ငံအချုပ်အခြာပိုင်နက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“ အမေရိကန်အနေနဲ့ သူ့ရဲ့ရန်စတဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တံ့ဖို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်သတိပေးပါတယ် ၊ အလုံးစုံပျက်စီးရေး လုပ်ဆောင်ချက်တွေဟာ ထိုင်ဝမ်ဒေသမှာ တင်းမာမှုတွေ ရှေ့ဆက်ပိုမြင့်တက်လာအောင် ဦးတည်စေပါတယ်၊ ပြီးတော့ ထိုင်ဝမ်ခွဲရေးထွက်ရေးဝါဒီတွေအတွက် မှားယွင်းတဲ့ အချက်ပြမှုပေးပို့နေတာတွေကို ရှောင်ကြဉ်ရပါမယ်” ဟု Tan က ဆိုသည်။

ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေးပါတီမှ အာဏာပိုင်များအနေဖြင့် အခြေအနေကို မှားယွင်းစွာ ကောက်ချက်ချခြင်းမပြုမိရန် (သို့မဟုတ်) အန္တရာယ်ကြီးမားသော လုပ်ဆောင်ချက်များ မပြုမိရန် ၊ ထိုအရာက ထိုင်ဝမ်အား ကပ်ဆိုက်မှုကိုသာ ယူဆောင်ပေးလိမ့်မည်ဖြစ်ကြောင်း Tan က သတိပေးပြောကြားခဲ့သည်။ ပြန်လည်ပေါင်းစည်းရေးအတွက် တရုတ်နိုင်ငံက မဖြစ်မနေလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ တရုတ်ပြည်သူတွေရဲ့ ပြတ်သားတဲ့ သန္နိဌာန် ၊ နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေစိုးမိုးမှုကို ကာကွယ်ဖို့ ခွန်အားပြည့်စွမ်းပကား နဲ့ ခိုင်မာတဲ့ ဖြေရှင်းမှုကို ဘယ်သူတစ်ဦးတစ်ယောက်ကမျှ လျှော့မတွက်သင့်ပါဘူး ” ဟု Tan က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် အမြင့်ဆုံးအဆင့်တပ်လှပ်ထားကြောင်း နှင့် မည်သည့်ပြင်ပဝင်ရောက်စွက်ဖက်မှုကိုမဆို (သို့မဟုတ်) “ထိုင်ဝမ်လွတ်လပ်ရေး” အတွက် မည်သည့်ခွဲထွက်ရေးဝါဒီကြိုးပမ်းမှုကိုမဆို ခြေမှုန်းဖျက်ဆီးပစ်ရန် အားလုံးသောလိုအပ်သည့် အရေးယူဆောင်ရွက်မှုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)