တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို ယခုလအတွင်း ပြန်လည် ဖွင့်လှစ်နိုင်ခြေရှိကြောင်း သတင်းအရ သိရသည်။ ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံမှသက်ဆိုင်ရာအဖွဲ့အစည်းများသည် မြန်မာနိုင်ငံဘက်နှင့်တွေ့ဆုံခဲ့ပြီး ယခု နိုဝင်ဘာလကုန်တွင် တရုတ်-မြန်မာနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ရန်နှင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို ပြန်လည်စတင်ရန် ညှိနှိုင်းကြိုးပမ်းမှုများကို ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခြင်းကြောင့် ယခုနှစ် ဇူလှိုင်လ(၁၀)ရက်နေ့မှစပြီး တရုတ်နိုင်ငံဘက်မှ ချင်းရွှေဟော်မှလွဲ၍ အခြားသော တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်ခဲ့ပါသည်။ ထို့နောက် ချင်းရွှေဟော် နယ်စပ်ဂိတ်ကိုလည်း အောက်တိုဘာလ(၆)ရက်နေ့မှစပြီး ပိတ်လိုက်သောကြောင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် နယ်စပ်ဂိတ်တစ်ခုမျှ ဖွင့်လှစ်ခြင်းမရှိတော့ပါ။
နယ်စပ်ဂိတ်ဖွင့်လှစ်ခြင်းကိစ္စနှင့်ပတ်သက်၍ မူဆယ်(၁၀၅)မိုင်သစ်သီးရောင်းကွင်းဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်သည် ရောဂါအခြေအနေကောင်းမွန်လာမှသာ နယ်စပ်ကုန်သွယ်ဂိတ်များ ပြန်လည်လည်ပတ်လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်းပြောဆိုခဲ့သည်။ “ဒါ့အပြင် ပြန်လည်လည်ပတ်လုပ်ဆောင်မှုမပြုခင် သက်ဆိုင်ရာရောဂါကာကွယ် ထိန်းချုပ်ရေးစီမံချက်များကို သတ်မှတ်ရန်လိုအပ်သေးသည်။ သစ်သီးရောင်းကွင်းစီမံခန့်ခွဲမှု၊ လမ်းကြောင်းဖွင့်လစ်မှု စသည့် ကိစ္စရပ်များအပါအဝင် ဆွေးနွေးညှိနှိုင်းရပါမည်”ဟု ဦးစိုင်းခင်မောင်က ပြောသည်။
မြန်မာနိုင်ငံပြည်သူများသည် တရုတ်-မြန်မာနယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်ရန် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ပြန်လည်ထူထောင်ရန် အထူးမျှော်လင့်နေကြောင်း မြန်မာနိုင်ငံ မူဆယ်ဆန်အသင်း ဒုဥက္ကဋ္ဌ ဦးမြင့်သိန်း က ပြောသည်။ လက်ရှိ မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကျဆင်းနေလျက်ဖြစ်သည်။ အထူးသဖြင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းနှင့်အတူ အလုပ်လက်မဲ့နှုန်း အဆက်မပြတ်တိုးမြင့်လာခြင်းကြောင့် ပြည်သူများ နေထိုင်မှုအခြေအနေ ပိုမိုခက်ခဲပြီး စိုးရိမ်ရသောအနေအထား ရောက်ရှိနေရသည်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးပမာဏသည် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံနယ်စပ်ကုန်သွယ်ရေးထက် များစွာကြီးမားသော အလာအလားရှိသည်။ အချိန်မီဖွင့်လှစ်နိုင်ပါက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် မြန်မာနိုင်ငံ စီးပွားရေးကယ်တင်ရန်နှင့် ပြည်သူများနေထိုင်မှုဖိအားကို လျှော့ချနိုင်ရန်အတွက် အထူးအထောက်အကူ ဖြစ်နိုင်ပါသည်။
တရုတ်နိုင်ငံဘက်မှ ရောဂါအခြေအနေကြောင့် ပိတ်လိုက်သော တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်များကို အမြန် ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန်၊ တရုတ်-မြန်မာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲရန် တရုတ်ပြည်သူများ မြန်မာနိုင်ငံအတွင်းသို့ လာရောက်လည်ပတ်ခြင်းနှင့် ရင်းနှီးမှုများပြုလုပ်ခြင်းကို ကြိုဆိုကြောင်း၊ ကျောက်စိမ်းကုန်သွယ်ရေး အပါအဝင် ကုန်သွယ်ရေးကူးသန်းသွားလာမှုများ ပြန်လည်စတင်ခြင်းဖြင့် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ထူထောင်ရေးတွင် ထောက်ပံ့ကူညီပေးရန် ပြည်သူများမှ မျှော်လင့်နေကြသည်။ ဤသို့မှသာ မြန်မာနိုင်ငံစီးပွားရေးသည် ပြန်လည်ရှင်သန်လာပြီး ဖွံ့ဖြိုးတိုးတက်ရေးသည် မျှော်လင့်ချက်ရှိနိုင်မည်ဖြစ်သည်။