တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အာရှ-ပစိဖိတ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး(APEC CEO Summit)သို့ တက်ရောက်မိန့်ခွန်းပြောကြား

2021-11-12 18:27:04 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ အာရှ-ပစိဖိတ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ခေါင်းဆောင်များအစည်းအဝေး(APEC CEO Summit)သို့ ယနေ့ နိုဝင်ဘာ ၁၁ ရက်တွင် ပေကျင်းမြို့မှ ဗီဒီယိုလင့်ခ်ဖြင့်တက်ရောက်ခဲ့ပြီး “ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ခိုင်မာစွာဆောင်ရွက်၍ အာရှ-ပစိဖိတ် အေးတူပူအမျှအသိုက်အဝန်း အတူလက်တွဲတည်ဆောက်ကြမည်”ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

အစည်းအဝေးတွင် သမ္မတရှီကျင့်ဖိန်က လက်ရှိ ကိုဗစ်ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်း ကူးစက်ပြန့်နှံ့နေဆဲဖြစ်ရာ ကမ္ဘာ့စီးပွားရေး ပြန်လည်ရှင်သန်ရန် အခက်အခဲအကျပ်အတည်းများရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာရှ-ပစိဖိတ်ဒေသသည် ခေတ်ကာလ၏တာဝန်ကို ရဲဝံ့စွာ ထမ်းဆောင်ကာ ဦးဆောင်ဦးရွက်ပြုသည့်ကဏ္ဍမှပါဝင်ပြီး အာရှ-ပစိဖိတ် အေးတူပူအမျှအသိုက်အဝန်း ရည်မှန်းချက်ကို ဦးတည်၍ ခိုင်မာစွာ လျှောက်လှမ်းသင့်ကြောင်း ၎င်းက ဆိုသည်။ ထိုသို့ဆောင်ရွက်ရာတွင်-

ပထမအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးကို အားသွန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ခက်ခဲသည့်အကျပ်အတည်းအချိန်အခါဖြစ်လေ ခိုင်မာသည်ယုံကြည်ချက်ပို၍ခိုင်မာလေ ဇွဲသတ္တိရှိလေ ဖြစ်ရမည်ဖြစ်ကြောင်း ၊ လူသားမျိုးနွယ်တို့၏အနာဂတ်ကံကြမ္မာဆိုင်ရာ ဤရာစုနှစ်စမ်းသပ်မှုကို ရင်ဆိုင်ရာတွင် အာရှ-ပစိဖိတ် စီးပွားရေးအစုအဖွဲ့နှင့်လူမှုအဖွဲ့အစည်းနယ်ပယ်အသီးသီးက ပြည်သူကို ဦးထိပ်ပန်ဆင်ရမည်ဖြစ်ကြောင်း၊ အသက်အိုးအိမ်စည်းစိမ်ကို ဦးထိပ်ထား၍ သိပ္ပံနည်းကျစိတ်ဓါတ်နှင့် တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးကို အပြီးတိုင် အောင်မြင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊

ဒုတိယအနေဖြင့် တံခါးဖွင့်ပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်မှုကို အခိုင်အမာဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ဘက်ပေါင်းစုံမှ အခြေအနေပြောင်းလဲမှုကို အမိအရဆုပ်ကိုင်ကာ တက်ကြွစွာ ကိုယ်တိုင် တိုးချဲ့တံခါးဖွင့်ဆောင်ရွက်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု အဆင်ပြေလွယ်ကူ လွတ်လပ်ရေးအတွက် တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ စက်မှုလုပ်ငန်းကွင်းဆက် ထောက်ပို့ရေးကွင်းဆက် တည်ငြိမ်ချောမွေ့အောင် ထိန်းသိမ်းကာကွယ်ပြီး စီးပွားရေး ပြန်လည်ရှင်သန်အောင်တွန်းအားပေးဆောင်ရွက်ခြင်း၊ ချိတ်ဆက်ဖွံ့ဖြိုးတိုးတက်မှုရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ အနာဂတ်ကိုရှေ့ရှု၍ အရှေ့သို့ ခိုင်မာစွာလျှောက်လှမ်းရမည်ဖြစ်ကြောင်း ၊ အာရှ-ပစိဖိတ်ဒေသည် စစ်အေးခေတ်ကာလ၏ ထိပ်တိုက်ရင်ဆိုင်မှုနှင့် ကွဲလွဲသည့်အက်ကြောင်းဖြစ်နေမှုအခြေအနေကို ပြန်မသွားသင့်သလို ပြန်သွား၍လည်း မရကြောင်း ၊

တတိယအနေဖြင့် အစိမ်းရောင်အသွင်ပြောင်းရေး တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တူညီသည့်ဦးတည်ချက်နှင့် မတူညီသည့်တာဝန်အသီးသီးကို သယ်ပိုးခြင်း မူဝါဒကို ခိုင်မာစွာ လက်ကိုင်ထားကာ ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်ရာတွင် ပါရီသဘောတူညီချက်နှင့် ဇီဝမျိုးစုံမျိုးစိတ်ကွဲများဆိုင်ရာ ကွန်ဗင်းရှင်း COP15 အစည်းအဝေးရလဒ်များကို ကောင်းမွန်စွာအကောင်အထည်ဖော်၍ အစိမ်းရောင်၊ ကာဗွန်နည်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သောလမ်းစဉ်ကို အတူလျှောက်လှမ်းရမည်ဖြစ်ကြောင်း ၊ ပြည်သူကိုဗဟိုပြုမှုကို အခိုင်အမာထား၍ စီးပွားရေး တိုးတက်အောင်၊ လူထုစားဝတ်နေရေးအာမခံချက်ရှိအောင်၊ စွမ်းအင်ချွေတာ၍သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးဖြစ်စေမည့်စွန့်ပစ်မှုများကို လျှော့ချအောင် ကောင်းမွန်စွာ ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အစိမ်းရောင်အသွင်ပြောင်းရေးကို မြှင့်တင်ရမည်ဖြစ်သလို အစိမ်းရောင် အသွင်ပြောင်းမှုတွင် ပို၍ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည် ဖော်ရမည် ဖြစ်ကြောင်း ၊

စတုတ္ထအနေဖြင့် ဆန်းသစ်တီထွင်မှုကို တက်ကြွစွာ ရှေ့တိုးတွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ သိပ္ပံနည်းပညာနှင့်နည်းစနစ် ဆန်းသစ်ဖန်းတီးမှုကို အရှိန်မြှင့်တင်ပြီး သိပ္ပံနည်းပညာရလဒ်အသွင်ပြောင်းခြင်းကို တွန်းအားပေးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားအင်သစ်ကို ပျိုးထောင်ရမည်ဖြစ်ကြောင်း ၊ အာရှ-ပစိဖိတ်အဖွဲ့ဝင်များ၏ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု ဟန်ချက်ညီစွာ ဆောင်ရွက်မှုများကို အားဖြည့်ကာ သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် တံခါးဖွင့်သော၊တရားမျှတ၍ ခွဲခြားဆက်ဆံမှုမရှိသော ပတ်ဝန်းကျင်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးနယ်ပယ်တွင် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး တစ်စိုက်မတ်မတ်ဆောင်ရွက်ခြင်း၊ ရလဒ်အသွင်ပြောင်းခြင်းကို အဓိကအင်အား ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အာရှ-ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်သည် အစဉ်အမြဲပေါင်းစည်းဆက်နွယ်လျက်ရှိပါကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဘက်စုံအတော်အသင့်ပြည့်စုံကြွယ်ဝသော လူမှုအသိုက်အဝန်းကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ဆိုရှယ်လစ်ခေတ်မီနိုင်ငံတော် ဘက်စုံတည်ဆောက်ရေး ခရီးလမ်းသစ်သို့ စတင်ဖွင့်လှစ်ပြီဖြစ်ရာ ၎င်းမှာ အာရှ-ပစိဖိတ်ဒေသအတွက် ပိုမိုကြီးမားသည့် အခွင့်အလမ်းများကို ဆောင်ကျဉ်းပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်လှစ်မှုကို မပြောင်းမလဲ ခိုင်မာစွာဆောင်ရွက်သွားမည်ဖြစ်ပြီး အာရှ-ပစိဖိတ် စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် အားဖြည့်အထောက်အကူပြုသွားမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် အဆင့်မြင့် ဈေးကွက်စနစ်တည်ဆောက်မှုကို တွန်းအားပေးဆောင်ရွက်ခြင်းကို အားထားဆောင်ရွက်လျက်ရှိရာ အရေးကြီးကဏ္ဍနှင့်အဓိကကွင်းဆက်များ၏ပြုပြင်ပြောင်းလဲမှုများ တိုးတက်မှုအသစ်ရရှိအောင် တွန်းအားပေးဆောင်ရွက်သွားပြီး အဆင့်မြင့်စနစ်ကျသည့် ပြည်ပတံခါးဖွင့်လှစ်မှုအခင်းအကျင်းကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ၊ စီးပွားရေးလည်ပတ်မှု ပတ်ဝန်းကျင်ကို အဆက်မပြတ် ကောင်းမွန်အောင်ဆောင်ရွက်သွားမည်ဖြစ်ရာ တစ်သားတည်းတံခါးဖွင့်လှစ်မှု၊ ယှဉ်ပြိုင်မှုဖြင့်စနစ်တကျရှိသည့် ဈေးကွက်စနစ်ကို တည်ဆောက်ကာ နိုင်ငံ စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံ၍ အဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သလို အာရှ-ပစိတ်နှင့် ကမ္ဘာ့ စီးပွားရေးနယ်ပယ်မှ တရုတ်သို့လာရောက် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများဖွံ့ဖြိုးရေးဆောင်ရွက်မှုအတွက် ပိုမိုကောင်းမွန်သည့် အာမခံချက်များ ပံ့ပိုးသွားမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဘက်စုံ အစိမ်းရောင်အသွင်ပြောင်းမှုကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး အာရှ-ပစိဖိတ်နှင့် ကမ္ဘာ့ ဂေဟယဉ်ကျေးမှုတည်ဆောက်ရေးအတွက် အကျိုးပြုသွားမည်ဖြစ်ကြောင်း ၊ ဂေဟယဉ်ကျေးမှုတည်ဆောက်ရေးကို တရုတ်နိုင်ငံက တက်ကြွစွာ တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ရာ ၊ ဥတုရာသီပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံမဟာဗျူဟာကို ခိုင်မာစွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကာဗွန်နည်းပါးရေးသို့ ပြောင်းလဲရာတွင် လူထုစားဝတ်နေရေးလိုအပ်ချက်ကို တစ်စုတစ်စည်းတည်း ထားရှိစီမံဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး အမြင့်ဆုံးဖြစ်နိုင်ရန် ၊ကာဗွန်အလယ်အလတ်အဆင့်ရောက်ရှိရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ၊ အာရှ-ပစိဖိတ် စီးပွားရေးနယ်ပယ်မှ တက်ကြွစွာပါဝင်ပြီး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးအနာဂတ်ကို အတူတည်ဆောက်ကြရန် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖြစ်ထွန်းရေးကို အားထားမြှင့်တင် ဆောင်ရွက်သွားပြီး အာရှ-ပစိဖိတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အုတ်တစ်ချပ်သဲတစ်ပွင့် ဖြည့်ဆည်းပံ့ပိုးသွားမည်ဖြစ်ကြောင်း ၊ စစ်မှန်သည့် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ခိုင်မာစွာ လက်ကိုင်ထားကာ ကမ္ဘာ့စီးပွားရေးစီမံခန့်ခွဲမှု၌ တက်ကြွစွာ ပါဝင်ပြီး တံခါးဖွင့် ကမ္ဘာ့စီးပွားရေး တည်ဆောက်မှုအား တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ အရည်အသွေးမြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ အတူလက်တွဲတည်ဆောက်ရေးကို ခိုင်မာစွာ တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ဖွံ့ဖြိုးရေးဘဏ္ဍာငွေစုဆောင်ရေး စသည့်ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများတွင် အားဖြည့်ကာ အာရှ-ပစိဖိတ် စီးပွားရေးပြန်လည်ရှင်သန်ရေးနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားအင်ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းအား တည်ဆောက်သွားမည်ဖြစ်ကြောင်း သမ္မတရှီက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)