တရုတ်ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ဗဟိုကော်မတီ ဆဌမအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူများနှင့် တစ်သွေးတည်း တစ်သားတည်း ဆက်ဆံရမည် ဖြစ်ကြောင်း ဖော်ပြ

2021-11-15 15:10:43 |သတင်းအရင်းအမြစ် CRI

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီ ဆဌမအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၁ရက်နေ့အထိ ပီကင်းမြို့တွင် ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူများနှင့် တစ်သွေးတည်း တစ်သားတည်း ဆက်ဆံပြီး ပြည်သူများကို ဗဟိုအဖြစ်ထားခြင်း ဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်ကို လက်တွေ့ကျ ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ အခြေခံ အကျိုးစီးပွားကို အဆက်မပြတ် အကောင်အထည်ဖော်ပြီး ကာကွယ်ပေးကာ တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ်ဝိသေသ လက္ခဏာဆောင်သော ဆိုရှယ်လစ် အတွေးအခေါ်ကို ဘက်စုံကျင့်သုံးဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး စနစ်သစ် တည်ဆောက်ခြင်း၊ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးခြင်း၊ တံခါးဖွင့်မှုနှင့် ပြုပြင်ပြောင်းလဲရေး ဘက်စုံ နက်ရှိုင်းစေခြင်း၊ အတူချမ်းသာကြွယ်ဝရေးကို မြှင့်တင်ခြင်း၊ သိပ္ပံနည်းပညာ ဆိုင်ရာ ကိုယ့်အားကိုယ်ကိုး မှီခိုအားထားမှုကို တွန်းအားပေးခြင်း၊ ဘက်စုံ လုပ်ငန်းစဉ်ပြည့် ပြည်သူအခြေခံ ဒီမိုကရေစီကို ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ပြည်သူများက တိုင်းပြည်၏ အရှင်သခင်ဖြစ်ခြင်းအား အာမခံပေးခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း အလေးထား ဖော်ပြပါသည်ဟု China Media Group မှသတင်းအရသိရပါသည်။ (CRI Myanmar)