ပြည်သူများက တိုင်းပြည်၏ သခင် ဖြစ်ခြင်းမှ အမှန်တကယ်ဖြစ်သည့် ဒီမိုကရေစီပင် ဖြစ်သည်

2021-11-16 10:50:54 |သတင်းအရင်းအမြစ် CRI

အမှန်တကယ် ဖြစ်တဲ့ ဒီမိုကရေစီက ဘာလဲ။ မကြာခင်က ထုတ်ပြန်ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီ ဆဌမ အကြိမ် မျက်နှာစုံညီ အစည်းအဝေး ပြန်တမ်းမှာ ဖြစ်စဉ်တစ်ရပ်လုံး ဖြစ်တဲ့ ပြည်သူ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ပြည်သူများက တိုင်းပြည်ရဲ့ သခင် ဖြစ်ရေးကို အာမခံပေးခြင်း စတာတွေကို အလေးအနက် ဖေါ်ပြထားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ကတည်းကပဲ ပြည်တွင်းနဲ့ပြည်ပမှ နိုင်ငံရေး ယဉ်ကျေးမှုဆိုင်ရာ အနှစ်သာရများကို အဆက်မပြတ် ကိုးကားစုတ်ယူပြီး ပြည်သူများက တိုင်းပြည်ရဲ့ သခင် ဖြစ်ရေးကို စွဲကိုင် ဖေါ်ဆောင်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၂ ခုနှစ်ကစပြီး တရုတ်ကွန်မြူနစ်ပါတီဟာ ဒီမိုကရေစီ သဘောတရားနဲ့ လက်တွေ့ဆောင်ရွက်ချက်များ အဆက်မပြတ် ပြည့်စုံကောင်းမွန်လာအောင် လုပ်ဆောင်ပြီး ဖြစ်စဉ် တစ်ရပ်လုံး ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီ လမ်းကြောင်း အတိုင်း လျှောက်လှမ်းလာခဲ့ပါတယ်။ အဲဒီ ဒီမိုကရေစီ ပုံစံဟာ ရွေးကောက်ပွဲ ဒီမိုကရေစီ၊ နိုင်ငံရေး အတိုင်ပင်ခံ ဒီမိုကရေစီ၊ လူမှုရေး ဒီမိုကရေစီ၊ အခြေခံ လူတန်းစား ဒီမိုကရေစီ၊ နိုင်ငံသားများ ဒီမိုကရေစီ အစရှိတဲ့ နိုင်ငံရေး ဒီမိုကရေစီများကို လွှမ်းခြုံထားပြီး ပြီးပြည့်စုံတဲ့ စည်းစနစ်ကို ဖြစ်တည်လာကာ၊ တရုတ်ပြည်သူများက အကျယ်ပြန့်ဆုံး၊ အစစ်မှန်ဆုံး၊ အထိရောက်ဆုံးသော ဒီမိုကရေစီကို ခံစားနိုင်ဖို့ အာမခံ ပေးထားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်က နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီ ရှိမရှိကို ကြည့်တာ သော့ချက်ကျရာဟာ ပြည်သူများက တိုင်းပြည်ရဲ့ သခင် ဖြစ်ရေးကို အမှန်တကယ် ဖေါ်ဆောင်ခြင်း ရှိမရှိကိုပဲ ကြည့်ရတယ်။ ဒီမိုကရေစီဟာ အလှဆင်ပစ္စည်းနဲ့ အခင်းအကျင်း ပစ္စည်း မဟုတ်ဘဲ ပြည်သူများ ဖြေရှင်းလိုတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ အတွက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရှီကျင့်ဖိန်ရဲ့ ဒီစကားများဟာ ကမ္ဘာကြီးက တရုတ် ဒီမိုကရေစီ နိုင်ငံရေးကို နားလည်သိရှိဖို့ “ရွှေသော့” တစ်ရပ် ဖြစ်တယ်လို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။(CRI Myanmar)