တရုတ်နှင့် အမေရိကန်တို့၏ အကြီးအကဲများ ယနေ့ ဗီဒီယိုမှတစ်ဆင့် တွေ့ဆုံခဲ့

2021-11-16 16:19:57 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့၌ အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒင် နှင့် ဗီဒီယမှတစ်ဆင့် တွေ့ဆုံကာ တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် နှစ်ဦးနှစ်ဖက် အလေးထားသော ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တရုတ်နဲ့ အမေရိကန်တို့က အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကာ အကျိုးရလဒ်တွေကို အတူရရှိစေရန် ပူးပေါင်းဆောင်ရွက်သင့်ပြီး မိမိတို့ရဲ့ ပြည်တွင်းရေးကိစ္စများကို ကောင်းမွန်စွာ လုပ်ဆောင်ရုံသာမက နိုင်ငံတကာတာဝန်ကိုလည်း ကျေပွန်အောင် ထမ်းဆောင်သင့်တယ် ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

“တရုတ်နဲ့ အမေရိကန်တို့ရဲ့ ခေါင်းဆောင်တွေအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ဒါမှမဟုတ် မရည်ရွယ်ဘဲဖြစ်စေ နှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုတွေက ပဋိပက္ခ မဖြစ်အောင် သေချာစွာ လုပ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ သဘောတူညီမှု အထိန်းအချုပ်ကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်ကာ ကျွန်ုပ်တို့ရဲ့ မတူညီမှုတွေကို ရှင်းလင်းပြတ်သားစွာ ရိုးသားစွာ ဆက်ဆံရမယ်။ အထူးသဖြင့် ရာသီဥတု ပြောင်းလဲမှုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေမှာ ဘုံအကျိုးစီးပွားများပါဝင်တဲ့ ကိစ္စတွေမှာ အတူတကွ ကြိုးစားလုပ်ဆောင်ရန် လိုအပ်တယ်။ နှစ်နိုင်ငံကြား ဆက်ဆံရေးက ကျွန်ုပ်တို့နှစ်နိုင်ငံအပေါ် အရေးပါတဲ့ သက်ရောက်မှုရှိရုံသာမက ကမ္ဘာတစ်ခုလုံးကိုပါ သက်ရောက်မှုရှိပါတယ်”ဟု အမေရိကန် သမ္မတ ဘိုင်ဒင်က ပြောကြားခဲ့သည်။