ယခုလ ၁၃ ရက်နေ့က ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲရေးမူဘောင် ပဋိညာဉ်စာချုပ် ၂၆ ကြိမ်မြောက်စာချုပ်ချုပ်ဆိုဘက်များ အစည်းအဝေးတွင် Glasgow ရာသီဥတု စာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ၁၅ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျော့လိကျန်းက တရုတ်သည် ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်ရေး ဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်တက်ကြွစွာ တွန်းအားပေးပြီး ပဲရစ်စာချုပ် ဘက်ပေါင်းစုံ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် တွန်းအားပေးမည် ဖြစ်ကြောင်း၊ တရာမျှတသော၊ ပူးပေါင်းဆောင်ရွက်ပြီး အားလုံးအကျိုးရှိစေသော တစ်ကမ္ဘာလုံး ရာသီဥတု စီမံအုပ်ချုပ်ရေးစနစ်နှင့် လူသား ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။(CRI Myanmar)