ထိုင်ဝမ်သီးခြားတည်ရှိရေး အယူဆန္ဒကို ထောက်ခံထားသည့် လုပ်ရပ်မှန်သမျှသည် ထိုင်ဝမ်ရေလက်ကြားဒေသ၏ အေးချမ်းတည်ငြိမ်မှုအပေါ် ထိခိုက်စေမည်ဟု တရုတ်ဆို

2021-11-17 10:38:14 |သတင်းအရင်းအမြစ် CRI

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကင်က မကြာခင်က အင်တာဗျူးကို လက်ခံ ရာတွင် ထိုင်ဝမ်ဆိုင်ရာဆက်ဆံမှု ဥပဒေ ဆိုသည်အရ အမေရိကန်သည် ထိုင်ဝမ်ဒေသ၏ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စွမ်းနှင့်ပတ်သက်၍ ကတိပြုခဲ့ကြောင်း၊ အမေရိကန်သည် ထိုင်ဝမ်ရေလက်ကြားဒေသ၏ အေးချမ်းတည်ငြိမ်မှုကို အာရုံစူးစိုက်ကြောင်း ဖော်ပြခဲ့ ပါသည်။

ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ထိုင်ဝမ်သီးခြားတည်ရှိရေးအယူဆန္ဒကို ထောက်ခံထားသည့် လုပ်ရပ်မှန်သမျှသည် တရုတ်ပြည်တွင်းရေးရာများကို ဝင်ရောက်စွက်ဖက်ခြင်းပင် ဖြစ်ကြောင်း၊ ထိုင်ဝမ်ရေလက်ကြားဒေသ၏ အေးချမ်းတည်ငြိမ်မှုကို ထိခိုက်စေမည် ဖြစ်ကြောင်း ယမန်နေ့ ၁၅ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဖော်ပြခဲ့ပါသည်။(CRI Myanmar)