တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ပါတီ နှစ်၁၀၀ ကြိုးပမ်းအားထုတ်ခြင်း အရေးကြီး အောင်မြင်မှုများနှင့် သမိုင်းဆိုင်ရာ အတွေ့အကြုံများ ဆုံးဖြတ်ချက်ကို ထုတ်ပြန်

2021-11-18 11:17:57 |သတင်းအရင်းအမြစ် CRI

ယခုလ ၁၆ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပါတီ နှစ် ၁၀၀ ကြိုးပမ်းအားထုတ်ခြင်း အရေးကြီး အောင်မြင်မှုများနှင့် သမိုင်းဆိုင်ရာ အတွေ့အကြုံများ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းမှတ်တိုင်လို အရေးကြီး အဓိပ္ပါယ် ပါရှိသော ဆုံးဖြတ်ချက်တွင် ပြီးခဲ့သည့် နှစ် ၁၀၀ အတွင်း တရုတ်ကွန်မြူနစ်ပါတီ၏ အရေးကြီး အောင်မြင်မှုများနှင့် သမိုင်းဆိုင်ရာ အတွေ့အကြုံများကို သုံးသပ်ဖော်ပြထားပါသည်။ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပီကင်းတွင် ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီ ဆဋ္ဌမအကြိမ် မျက်နှာစုံညီ အစည်းအဝေးမှာ ယင်းဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။(CRI Myanmar)