အမေရိကန်အခြစိုက်တရုတ်သံရုံးသည် အမေရိကန်ပြည်ထောင်စုရှိတရုတ်ကုမ္ပဏီများဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆက်လက်ပံ့ပိုးကူညီခြင်းနှင့် ဝန်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီများအား ဖိနှိပ်ရန် အမျိုးသားလုံခြုံရေး အကြောင်းပြချက်ကို ချဲ့ကားအလွဲသုံးစားလုပ်ခြင်းမှ ရပ်တန့်ရေးအတွက် အမေရိကန်နိုင်ငံကို ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Qin Gang ကနိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
Qin Gang သည် နိုဝင်ဘာ ၁၆ ရက်တွင် အမေရိကန် တရုတ်ကုန်သည်ကြီးများအသင်းမှ ကျင်းပသော အွန်လိုင်း ဆွေးနွေးပွဲသို့ တက်ရောက်စဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် အမေရိကန်ရှိ တရုတ် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အန္တရာယ်များကို နားထောင်ပြီးနောက် Qin Gang က တရုတ်နှင့် အမေရိကန် နိုင်ငံခေါင်းဆောင်တို့သည် ပြီးခဲ့သည့်ရက်က ပွင့်လင်းနက်ရှိုင်းသော အပြုသဘောဆောင်ပြီး ထိရောက်မှုရှိသည့် ဗီဒီယိုလင့်ခ်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ တရုတ်-အမေရိကန် အနာဂတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်ကို လမ်းညွှန်ခဲ့ပြီး အားပြုခဲ့ကြကြောင်း၊ကမ္ဘာကို အားကောင်းပြီး အပြုသဘောဆောင်သော အချက်ပြမှုများလည်း ပေးပို့ခဲ့ကြောင်း ဆိုသည်။
Qin Gang သည် တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ် အထွေထွေ ကုန်သည်ကြီးများ အသင်းနှင့် အဖွဲ့ဝင် ကုမ္ပဏီများ ၏ ပံ့ပိုးကူညီမှုကို အပြုသဘောဖြင့် ထောက်ခံခဲ့ပြီး ၎င်းတို့၏ ယုံကြည်မှု ခိုင်မာစေရန်၊ ဒေသဆိုင်ရာသတ်မှတ်ချက်၊စည်းကမ်းများကို အစဉ်အမြဲလိုက်နာရန်၊ဂလိုဘယ်လိုက်ဇေရှင်းအဖြစ်လုပ်ငန်းလုပ်ပတ်ရန်၊ လူမှုရေး တာဝန်များကို တက်ကြွစွာ ထမ်းဆောင်ရန်၊မိမိတို့၏တရားဝင်ဥပဒေဆိုင်ရာ အခွင့်အရေးများနှင့် အပြုသဘောဆောင် ဖွံ့ဖြိုးတိုးတက်မှုမျာ အတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ်မှုများ ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းအားပေးခဲ့သည်။
အမေရိကန်ပြည်ထောင်စုရှိ တရုတ်အထွေထွေကုန်သည်ကြီးများအသင်းနှင့် ၎င်း၏အဖွဲ့ဝင်ကိုယ်စားလှယ်များက နှစ်နိုင်ငံခေါင်းဆောင်များကြား ဗီဒီယိုလင့်ခ်တွေ့ဆုံမှုသည် အမေရိကန်ပြည်ထောင်စုရှိ တရုတ်ကုမ္ပဏီများအတွက် အားဖြစ်စေသော မျှော်လင့်ချက်များ မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။ တရုတ်ကုမ္ပဏီများအနေဖြင့် လိုက်နာရမည့် လုပ်ငန်းဆောင်ရွက်မှုများကို ဆက်လက်လိုက်နာပြီး၊ ဒေသတွင်း ပေါင်းစည်းမှု များပြုလုပ်ရင်း အန္တရာယ်များကို တက်ကြွစွာ တုံ့ပြန်ကာ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ကျကျ မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)