နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မီဒီယာများ၏ ဖော်ပြချက်အရ ပေကျင်းမြို့ ခေါ်ယွမ်ရပ်ကွက်တွင် လူတစ်ဦး၏ အမြန်ချောထုပ်အပြင်ဘက်ထုပ်ပိုးမှုကို ဓာတ်ခွဲစစ်ဆေးရာ Positve ပြသခဲ့ကြောင်း သိရပါသည်။
ကိုဗစ်-၁၉ ရောဂါပိုးများသည် မြင့်မားသောအပူချိန်နှင့် ခြောက်သွေ့ခြင်းကို အာရုံခံစားနိုင်ကြသဖြင့် သာမန်အားဖြင့် တစ်ရှူးစက္ကူများ၏ မျက်နှာပြင်ပေါ်တွင် ၃ နာရီကြာပြီးနောက် ရှင်သန်နေသော ဗိုင်းရပ်စ်ကို မတွေ့နိုင်တော့ပါ။ ထို့အတူ အဝတ်အစားများ၏ မျက်နှာပြင်ပေါ်တွင် ဗိုင်းရပ်စ်သည် ၂ ရက်ကြာ အသက်ရှင်နိုင်သည်။ ခွဲစိတ်မှုမျက်နှာဖုံး၏ မျက်နှာပြင်ပေါ်တွင် ၇ ရက်ကြာပြီးနောက် ပိုမိုအသက်ရှင်နေသော ကိုရိုနာဗိုင်းရပ်စ်များကို တွေ့ရှိနိုင်သေးသည်။ လေ့လာမှုများအရ ကိုရိုနာဗိုင်းရပ်စ်သည် အပူချိန် ၄ ဒီဂရီ စင်တီဂရိတ်တွင် အတည်ငြိမ်ဆုံးဖြစ်ကာ ၁၄ ရက်ကြာပြီးနောက် ဗိုင်းရပ်စ်အများစုသည် အသက်ရှင်ဆဲဖြစ်သည်။ ၂၂ ဒီဂရီစင်တီဂရိတ်တွင် ၇ ရက်ကြာ ရှင်သန်နိုင်သော ဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိနိုင်သေးသော်လည်း ၁၄ ရက်အကြာတွင် လုံးဝ မတွေ့နိုင်တော့ပါဟု တရုတ် တောင်ပိုင်း ဆေးဘက်ဆိုင်ရာတက္ကသိုလ် ဇီဝလုံခြုံရေး သုတေသနစင်တာ၏ ညွှန်ကြားရေးမှူး ပါမောက္ခ ကျောက်ဝိတ်က ပြောကြားခဲ့သည်။
အမြန်ချောထုပ် ရရှိသူများသည် ပြင်ပပတ်ဝန်းကျင်တွင် အပြင်ဘက်ထုပ်ပိုးမှုကို ဖယ်ရှားပြီး အမှိုက်ပုံးထဲတွင် စွန့်ပစ်ထားရမည်။ ဖြစ်နိုင်လျှင် မျက်နှာဖုံးနှင့် တစ်ခါသုံးလက်အိတ်များကို ဝတ်ဆင်၍ စွန့်ပစ်ပြီးနောက် လက်ကို ချက်ချင်းဆေးကြောပါဟု ကျောက်ဝိတ်က အကြံပြုထားသည်။