“ပြည်သူကိုဦးထိပ်ထားခြင်းကိုခိုင်မာစွာ လက်ကိုင်ပြုခြင်း” က တရုတ်ကွန်မြူနစ်ပါတီ၏ အောင်မြင်မှု သော့ချက်ဖြစ်

2021-11-22 18:15:40 |သတင်းအရင်းအမြစ် 新华网

“ရုရှားနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှ မိတ်ဆွေတွေဟာ တရုတ်နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုမိုတိုးတက်စေချင်သရွေ့ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ရဲ့ ဆဋ္ဌမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးရဲ့ သဘောထားကို နားလည်သင့်သလို တရုတ်ကွန်မြူနစ်ပါတီရဲ့ ရည်မှန်းချက်နဲ့ ကြိုးပမ်းမှုတွေကို နားမလည်ဘဲ တရုတ်နိုင်ငံကို နားလည်ရန် မဖြစ်နိုင်ပေ” ဟု ယူဆကြောင်း တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Denisov က နိုဝင်ဘာ ၁၉ ရက် အစည်းအဝေးသို့ တက်ရောက်စဉ် ပြောကြားခဲ့သည်။CPC ဗဟိုကော်မတီ၏ နိုင်ငံတကာဆက်ဆံရေးဌာနသည် အွန်လိုင်းနှင့် အော့ဖ်လိုင်းပေါင်းစပ်ခြင်းဖြင့် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်နေ့က ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးသို့ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းပေါင်း ၁၆၀ ကျော်မှ ကိုယ်စားလှယ် ၅၀၀ ကျော်နှင့် ပေကျင်းမြို့၌ တရုတ်နိုင်ငံဆိုင်ရာ သံတမန် ၁၀၀ နီးပါး တက်ရောက်ခဲ့သည်။ CPC ဗဟိုကော်မတီ၏ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ Song Tao နှင့် သက်ဆိုင်ရာ ပညာရှင်များသည် အဆိုပါစုံညီအစည်းအဝေး၏ ကြီးကျယ်သော အရေးပါမှု၊ အဓိပ္ပာယ်ပြည့်ဝမှုနှင့် ကမ္ဘာ့သက်ရောက်မှုတို့ကို ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ခဲ့သည်။ “ပြည်သူကိုဦးထိပ်ထားခြင်းကို ခိုင်မာစွာ လက်ကိုင်ပြုခြင်း” သည် တရုတ်ကွန်မြူနစ်ပါတီ၏ သမိုင်းဝင် အောင်မြင်မှုများအတွက် အရေးကြီးသော အကြောင်းရင်းဖြစ်ပြီး ၎င်းသည် နိုင်ငံပေါင်းစုံပါတီများအတွက် အရေးအကြီးဆုံး အတွေ့အကြုံများထဲမှ တစ်ခုဖြစ်ကြောင်း၊ နိုင်ငံအသီးသီးမှ လေ့လာသင်ယူနိုင်ကြောင်း နိုင်ငံစုံ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးများက မိတ်ဆက်ပွဲ၌ ပြောကြားခဲ့သည်။


တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူကိုဦးထိပ်ထားခြင်းကိုခိုင်မာစွာ လက်ကိုင်ပြုခြင်းသည် အလွန်လေးစားဖွယ်ကောင်းကြောင်း ၊ “ပြည်သူကိုအမြဲဦးထိပ်ထားတဲ့ အတွေးအမြင်တွေကြောင့် တရုတ်ကွန်မြူနစ်ပါတီဟာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနဲ့ ဘက်စုံအတော်အသင့် ပြည့်စုံကြွယ်ဝသော လူမှုအသိုက်အဝန်းတည်ဆောက်နိုင်တဲ့ တုနှိုင်းမရတဲ့ အောင်မြင်မှုတွေ ရနိုင်တာဖြစ်တယ်” ဟု ယူဆကြောင်း Denisov က ပြောကြားခဲ့သည်။


ဒီမိုကရေစီစနစ်သည် နိုင်ငံတစ်နိုင်ငံအပေါ် တင်းတင်းကျပ်ကျပ် ကျင့်သုံး(သို့)ချမှတ်ခြင်းမျိုး မဖြစ်သင့်ဘဲ ပြည်သူများ၏ ဆန္ဒကို နားထောင်သည့် တိုင်းပြည် ဖြစ်သင့်သည်ဟု ၎င်းက ဆိုသည်။ တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ကြီးမားသော အောင်မြင်မှုနှင့် တရုတ်ပြည်သူများ၏ ပျော်ရွှင်မှုဘဝများကို စဉ်ဆက်မပြတ် မြှင့်တင်ပေးမှုနေသည့် တရုတ်ကွန်မြူနစ်၏ လမ်းစဉ်သည် ၎င်း၏ နိုင်ငံ့အခြေအနေများအတွက် အသင့်လျော်ဆုံးဖြစ်ကြောင်း ပြသနေသည်။ “တချို့အနောက်နိုင်ငံတွေက ဒီမိုဂရေစီမီးပြတိုက် အဖြစ်၊ တခြားသူတွေကို အကဲဖြတ်ပြီး ကမ္ဘာကြီးကို ကွဲပြားအောင် လုပ်ဖို့ ကြိုးစားနေတာက အလွန်ဆိုးရွားတဲ့ လုပ်ရပ်ဖြစ်ပြီး ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။


“CPC ဗဟိုကော်မတီ၏ နှစ်တစ်ရာကြိုးပမ်းမှု၊ အဓိကကျသော အောင်မြင်မှုများနှင့် သမိုင်းဝင် အတွေ့အကြုံများဆိုင်ရာ ဆုံးဖြတ်ချက်” သည် တရုတ်ကွန်မြူနစ်ပါတီ၏ အမှန်တရားကို လက်တွေ့တွင် အမြဲ ကြိုးစားရှာဖွေနေခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ ရပ်တည်မှုနှင့် တာဝန်ကို ထမ်းဆောင်နေခြင်းကို ပြသနေပါကြောင်း တရုတ်နိုင်ငံဆိုင်ရာ လာအို သံအမတ်ကြီး ကန်ပေါင် (Kam Bao) က ပြောကြားခဲ့သည်။


“တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ချိန်ကစပြီး နှစ်ပေါင်း ၁၀၀ ကျော်အတွင်းမှာ အထူးသဖြင့် ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်မှ စတင်ပြီး တရုတ်နိုင်ငံဟာ အလွန်ကြီးမြတ်သော ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ဘက်စုံအမျိုးသားရေး စွမ်းအင်ဟာ အားကောင်းလာပြီး ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာကာ နိုင်ငံတကာနဲ့ ဒေသတွင်းသက်ရောက်မှုတွေ တိုးပွားလာခဲ့တယ်။ နိုင်ငံတကာနဲ့ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အပြန်အလှန် ချိတ်ဆက်မှုတွေအတွက် အရေးကြီးတဲ့ အင်အားစုတစ်ခု ဖြစ်လာတယ်” ဟု ကန်ပေါင်က ပြောသည်။


တရုတ်ကွန်မြူနစ်ပါတီမှ ခိုင်မာစွာ လက်ကိုင်ပြုထားသော ပြည်သူကိုဦးထိပ်ထားခြင်းသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကိုဗစ်ကပ်ရောဂါကူးစက်မှုကို တိုက်ဖျက်ရေး အဓိကဖြစ်ရပ်နှစ်ခု အောင်မြင်မှုတွင် ပေါ်လွင်လျက်ရှိကြောင်း တရုတ်နိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီး Mohamed Badri က ဆိုသည်။ “ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးဟာ လူသားအားလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးဆုံး ပန်းတိုင်ဖြစ်ပါတယ်။ ကိုဗစ် ကပ်ရောဂါဟာ ယနေ့ ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ အဆိုးရွားဆုံး စိန်ခေါ်မှု ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အတွေ့အကြုံနဲ့ ပြည်သူကိုဦးထိပ်ထားတဲ့ အတွေးအခေါ်ဟာ ကမ္ဘာကို ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ ပေးနိုင်မှာ သေချာပါတယ်။ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးရဲ့ သဘောထားနဲ့ တရုတ်ကွန်မြူနစ်ပါတီ အောင်မြင်ရေးရဲ့ သော့ချက်အကြောင်း ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ပြီး ဒီအချက်ကို အီဂျစ်နိုင်ငံမှာ ဖော်ဆောင်သွားမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။


တရုတ်နိုင်ငံဆိုင်ရာ မာဒါဂတ်စကာနိုင်ငံ သံအမတ်ကြီး Robinson က ၎င်း၏ဘိုးဘေးများသည် တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်၊ ဖူရှန်းမြို့မှ မာဒါဂတ်စကာသို့ ရောက်ရှိလာသော ရွှေ့ပြောင်းအခြေချသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် ၎င်းက “ဇာတိမြေ” ဖွံ့ဖြိုးတိုးတက်ရေးကို အထူးဂရုပြုအာရုံစိုက်ခဲ့သည်။ ဒေသခံပါတီဝင်များသည် ရွာသားများကို ဆင်းရဲနွမ်းပါးမှုမှ သာယာဝပြောမှုသို့ ဖော်ဆောင်ရန် ကျေးလက်အခြေခံဆောက်လုပ်ရေး လုပ်ငန်းများကို မြှင့်တင်ရန် အစီအမံအမျိုးမျိုးကို ကြိုးပမ်းခဲ့ကြသည်ကို တွေ့မြင်ရသောအခါတွင် တရုတ်နိုင်ငံအနေဖြင့် နယ်ပယ်အသီးသီးတွင် လျင်မြန်စွာ အပြောင်းအလဲများ ပြုလုပ်နိုင်ခဲ့သည်ကို နားလည်ခဲ့ရသည်ဟု ဆိုသည်။


“တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သူတွေကို ပြတ်သားတဲ့သတ္တိ၊ မျိုးချစ်စိတ်ဓာတ်နဲ့ ဦးဆောင်ကာ အံ့ဖွယ်ကောင်းတဲ့ ဖွံ့ဖြိုးတိုးတက်ရေး တစ်ခုပြီးတစ်ခု ဖန်တီးပေးခဲ့တယ်။ တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံက အလွန်တန်ဖိုးကြီးပြီး သင်ယူထိုက်တယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ လာမယ့်ရာစုမှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု Robinson က ဆိုသည်။ (Xinhua)