တရုတ်နိုင်ငံ ဟဲပေပြည်နယ် ကျန်းကျားခို ဆောင်းရာသီအိုလံပစ်ကျေးရွာတွင် ပထမဆုံးအကြိမ် မီးထွန်းခြင်းပြုလုပ်

2021-11-24 18:15:13 |သတင်းအရင်းအမြစ် 新华网

၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကျင်းပမည့် ကျန်းကျားခို ဆောင်းရာသီအိုလံပစ်ကျေးရွာ (ဆောင်းရာသီမသန်စွမ်းသူများ အိုလံပစ်ကျေးရွာ) သည် နိုဝင်ဘာ ၂၃ ရက်တွင် ပထမဆုံးသော ပုံမှန်လျှပ်စစ်ဓာတ်အားစမ်းသပ်ခြင်းနှင့် မီးထွန်းခြင်းအခမ်းအနားကို စတင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ဟေဲပေပြည်နယ် ကျန်းကျားခို ဆောင်းရာသီ အိုလံပစ်ကျေးရွာ (မသန်စွမ်းဆောင်းရာသီအားကစားအိုလံပစ်ကျေးရွာ) သည် Chongli ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲနေရာ၏ အလယ်ဗဟိုတွင် တည်ရှိပြီး မြေပေါ်တည်ဆောက်မှု ဧရိယာသည် ၁၃၅,၀၀၀ စတုရန်းမီတာခန့် ရှိပြီး မြေအောက် ဧရိယာသည် ၁၀၃,၀၀၀ စတုရန်းမီတာခန့် ရှိသည်။ ယင်းစမ်းသပ်မှုတွင် ကျေးရွာရှိ ဧရိယာအားလုံးပါဝင်ပြီး အားကစားသမားနေထိုင်ရာတိုက်ခန်း ၃၁ ခန်းနှင့် ရင်ပြင်ဧရိယာရှိ စီးပွားရေးဆိုင်ရာနေရာ ၂၂ ခု ရှိ မီးချောင်းများ၏ လျှပ်စစ်ဖိအားကို စမ်းသပ်ခဲ့ကြောင်း သိရသည်။ (Xinhua)