ယခုနှစ်တွင် အမေရိကန်၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် ၂၀၂၀ ခုနှစ်တစ်နှစ်လုံးထက် ကျော်လွန်ရောက်ရှိ

2021-11-25 17:07:10 |သတင်းအရင်းအမြစ် 新华网

အမေရိကန် Johns Hopkins တက္ကသိုလ်မှ နိုဝင်ဘာလ ၂၁ ရက်နေ့ ထုတ်ပြန်သော ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အချက်အလက်များအရ ယခုနှစ်တွင် အမေရိကန်၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် ၂၀၂၀ ခုနှစ်တစ်နှစ်လုံးထက် ကျော်လွန်ကြောင်း သိရပါသည်။

အမေရိကန်နိုင်ငံသည် ကိုဗစ်-၁၉ ဖြစ်ပွားပြီးနောက် သေဆုံးသူ အရေအတွက်မှာ စုစုပေါင်း ၇၇၁၁၀၈ ဦးထိရှိပြီး ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် ၃၈၅၇၆၅ ဦး ရှိ၍ ၂၀၂၀ ခုနှစ်တစ်နှစ်လုံးထက် ကျော်လွန်ရောက်ရှိလာကြောင်း သိရပါသည်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများမှ နောက်ဆုံးထုတ်ပြန်သော တရားဝင်စာရင်းဇယားများအရ ၂၀၂၀ ခုနှစ်တွင် အမေရိကန်၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် ၃၈၅၃၄၃ ဦးရှိကြောင်း သိရပါသည်။ သေဆုံးရခြင်းအကြောင်းရင်းကို အတည်ပြုရန် လုံလောက်သော စမ်းသပ်နိုင်စွမ်းမရှိသောကြောင့် ၂၀၂၀ ခုနှစ်တွင် အမေရိကန်သည် တရားဝင်ထုတ်ပြန်သော ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ အရေအတွက်သည် အမှန်တကယ် သေဆုံးသူအရေအတွက်ထက် နည်းနေကြောင်း သိရပါသည်။

အမေရိကန်နိုင်ငံသည် လက်ရှိတွင် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉‌ ရောဂါ အတည်ပြုခြင်းနှင့် သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ကြောင်း၊ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ အမေရိကန်တွင် ကိုဗစ်-၁၉‌ ရောဂါအတည်ပြုလူနာ စုစုပေါင်း ၄၇၅၈၇၄၄၁ ဦး ရှိကြောင်း သိရပါသည်။