ထိုင်ဝမ်အရေးနှင့် တရုတ်နိုင်ငံကို ဟန့်တားရန်ကြိုးပမ်းသူသည် “မီးနှင့်ဆော့ကစားခြင်းဖြစ်ပြီး ကစားသူကိုယ်တိုင်သာ မီးမြိုက်ခံရမည်”ဟု ပြောရေးဆိုခွင့်ရှိသူပြောကြား

2021-11-25 17:08:12 |သတင်းအရင်းအမြစ် 新华网

ထိုင်ဝမ်အရေးနှင့် တရုတ်နိုင်ငံကို ဟန့်တားရန်ကြိုးပမ်းသူသည် “မီးနှင့်ဆော့ကစားခြင်းဖြစ်ပြီး ကစားသူကိုယ်တိုင်သာ မီးမြိုက်ခံရမည်” ဟု တရုတ်နိုင်ငံပြည်မကြီးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန် (Zhu Fenglian) က တရုတ်ဆန့်ကျင်ရေးအင်အားစုများ၏ လုပ်ရပ်များသည် “အလွန်အန္တရာယ်ကြီးသော” အပြုအမူဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

ကျူးဖုန့်လျန်က လစ်သူယေးနီယားသည် အဓိကအားဖြင့် အမေရိကန်နှင့် ထိုင်ဝမ်ရှိ ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP) ၏ လှုံ့ဆော်မှုကြောင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို စိန်ခေါ်ခဲ့ရာ တရုတ်နိုင်ငံအတွက် မဖြစ်မနေ တုန့်ပြန်လုပ်ဆောင်မှု ဆောင်ရွက်ရန် ဖိအားဖြစ်စေခဲ့ပြီး လစ်သူယေးနီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို သံရုံးယာယီတာဝန်ခံအဆင့်ထိ လျှော့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံ၏ ခိုင်မာသောရပ်တည်ချက်ကို လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်း ကျူး က ဆိုသည်။
ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP)မှ အာဏာပိုင်များ၏ ဆက်စပ် အပြုအမူများသည် “ဒီမိုကရေစီ” သို့မဟုတ် “ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု” ပြဌာန်ချက်အောက်တွင် “ထိုင်ဝမ်ခွဲထွက်ရေး” နှင့် “ တရုတ်နိုင်ငံမှ ဖဲ့ထွက်ရန် အားထုတ်မှု” ဖြစ်သည့် DPP ၏ စည်းရုံး လှုံ့ဆော်မှုကို နောက်ထပ်တစ်ဖန် လှစ်ဟပြသလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ထိုင်ဝမ်ခွဲထွက်ရေး”အတွက် ခွဲထွက်ရေးအင်အားစုများ၏ ကျွန်မတို့ကို ရန်စမှု ၊ ကျွန်မတို့ လက်တွေကို တွန်းအားပေးမှု သို့မဟုတ် မျဉ်းနီကိုတောင်မှ ကျော်ဖြတ်မှုသည် ကျွန်မတို့အတွက် ခိုင်မာသောလုပ်ဆောင်ချက်များ တန်ပြန်လုပ်ဆောင်သွားရန် အတင်းအကြပ်တွန်းအားပေးမှုဖြစ်လိမ့်မည်ဟု ကျူးက ဆိုသည်။

တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် ထိုင်ဝမ်၏ ပါဝင်ခွင့်အတွက် အကြိုကန့်သတ်ချက်အနေအထား ဖြစ်ရမည်ဟူ၍လည်း ၎င်းက ဆိုသည်။

“ ထိုင်ဝမ်ဒေသအနေနဲ့ တရားဝင်သဘောမျိုး မည်သည့်လွတ်လပ်သောကုန်သွယ်မှု ဖော်ဆောင်ခြင်း သို့မဟုတ် မည်သည့်လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်လက်မှတ်ရေးထိုးခြင်းကိုမဆို ကျွန်မတို့ ပြတ်ပြတ်သားသားကန့်ကွက်ပါတယ်” ဟု ကျူးက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)