တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုအပေါ် သမ္မတ ရှီကျင့်ဖိန်၏ အဆိုအမိန့် ကောက်နုတ်ချက်များ

2021-11-29 10:52:32 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ ဆီနီဂေါနိုင်ငံ ဒက်ကာမြို့တွင် ကျင်းပရန်လျာထားသော ၈ ကြိမ်မြောက် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု (FOCAC) ဖိုရမ် ဝန်ကြီးအဆင့် ကွန်ဖရင့် ဖွင့်ပွဲအခမ်းအနားအား ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်ကာ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။ကာလရှည်ကြာပြီဖြစ်သော တရုတ်-အာဖရိက ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်ဖက်ကြား ကျယ်ပြန့်သောပူးပေါင်းဆောင်ရွက်မှု အလားအလာကို အကြိမ်များစွာ အလေးထားပြောကြားခဲ့သည်။

သမ္မတရှီ၏ မှတ်ချက်များမှ စိတ်ဝင်စားဖွယ်ရာအချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။– တရုတ်နိုင်ငံနှင့် အာဖရိကတို့သည် နှစ်ပေါင်းပေါင်းများစွာတလျှောက်လုံး တစ်ဦးနှင့်တစ်ဦး စာနာနားလည်မှုနှင့် ကူညီမှု တိုးပွားလျက်ရှိသည်။ နှစ်ဦးနှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု၏ သိသာခြားနားသောလမ်းကြောင်းပေါ် အတူတကွစတင်ဆောင်ရွက်လျက်ရှိသည်။

— တရုတ်-အာဖရိက ဆက်ဆံရေးသည် လက်ရှိ၌ သမိုင်းကြောင်းတွင် အကောင်းဆုံးဖြစ်သည်။ ၂၀၁၈ ခုနှစ် FOCAC ပေကျင်း ထိပ်သီးအစည်းအဝေးက နယ်ပယ်များစွာ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအတွင်းသို့ ကြံ့ခိုင်မှုအသစ် ဖြည့်သွင်းပေးရန် အကောင်အထည်ဖော်ခြင်းနှင့်အတူ တရုတ်-အာဖရိက ချစ်ကြည်ရေး တိုးတက်မှုတွင် လှိုင်းသစ်တစ်ခုအဖြစ် ဦးတည်စေခဲ့သည်။

— တရုတ်နိုင်ငံနှင့် အာဖရိက ပြည်သူများအတွက် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဆောင်ရွက်ချက်အား အကဲဖြတ်ရန် ဖြစ်သည်။ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုတွင် အသိအမှတ်ပြုလောက်ဖွယ် အောင်မြင်မှုများကို မည်သူမျှ ငြင်းပယ်၍ ရမည်မဟုတ်ပေ။

— အာဖရိကနှင့် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုရှိရေး တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်း ကတိပြုထားသည်။ နိုင်ငံတကာအခင်းအကျင်းများ မည်သို့ပင်ပေါ်ထွက်လာစေကာမူ တရုတ်နိုင်ငံအနေဖြင့် အာဖရိကနှင့် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို လိုက်လျှောက်ရန် ဆုံးဖြတ်ချက်ကို ဘယ်သောအခါမျှ ရုပ်သိမ်းသွားမည်မဟုတ်ပေ။

— တရုတ်နိုင်ငံနှင့် အာဖရိက၏ ညှိနှိုင်းဆောင်ရွက်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်အားတောင်းတင့်ခိုင်မာမှုရှိရန်၊ နိုင်ငံတကာဆက်ဆံရေးပုံစံအသစ်နှင့် လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူအသိုက်အဝန်း တစ်ခုတည်ဆောက်ရန် အရေးပါသော ထောက်ပံ့မှုများကို ထင်ရှားစေမည်ဖြစ်သည်။ (Xinhua)