ဂျပန်နိုင်ငံက အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအား ကာကွယ်ရန် နိုင်ငံခြားခရီးသည် ဝင်ရောက်ခွင့် ဆိုင်းငံ့

2021-11-30 11:06:25 |သတင်းအရင်းအမြစ် 新华网

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖူမီအို ခူရှီဒါ (Fumio Kishida)က အိုမီခရွန် COVID-19 မျိုးဗီဇပြောင်းပိုးအား ကာကွယ်ရန် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံခြားခရီးသည်များအားလုံးကို ဂျပန်နိုင်ငံထဲ ဝင်ရောက်ခွင့်အား ဆိုင်းငံ့ရန် နိုဝင်ဘာ ၂၉ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံချက်အသစ်သည် နိုဝင်ဘာ ၃၀ ရက်မှ စတင်သက်ရောက်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ (Xinhua)