“တရုတ်ခြိမ်းခြောက်မှုသီအိုရီ”အဆိုကို ပူတင်မှ တုံ့ပြန်သည်

2021-12-02 10:54:56 |သတင်းအရင်းအမြစ် 人民网

ဒေသစံတော်ချိန် နိုဝင်ဘာလ(၃၀)ရက်နေ့ ရုရှားနိုင်ငံသမ္မတပူတင်သည် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် “ရုရှားမှဖိတ်ခေါ်သည်” နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို တက်ရောက်စဉ် တရုတ်-ရုရှား ဆက်ဆံရေးကို ထပ်မံပြီး လေးလေးနက်နက် အထူးချီးမွမ်းခဲ့ပါသည်။ ရုရှားသည် မိမိအကျိုးစီးပွားများအလိုက် တရုတ်နိုင်ငံဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တတိယပါတီများအပေါ် ထိခိုက်မှုများ လက်ခံမည်မဟုတ်ကြောင်း အလေးအနက် ပြောဆိုခဲ့ပါသည်။ အနောက်နိုင်ငံများမှ ဖောင်းပွလုပ်‌ဆောင် နေသည့် “တရုတ်ခြိမ်းခြောက်မှုသီအိုရီ” နှင့် တရုတ်နိုင်ငံအပေါ် ပိတ်ပင်မှုပေါ်လစီများကို ပူတင်မှ တိုက်ရိုက်တုံ့ပြန်ခဲ့သည်။ “တရုတ်နိုင်ငံအသံထက်မြန်သောလက်နက်” နှင့် “တရုတ်နိုင်ငံ၏ နျူကလီးယားလက်နက်များ ခေတ်မီတိုးတက်ရေး” စသည့် တရုတ်နိုင်ငံနှင့်သက်ဆိုင်သည့် မေးခွန်းများ ကိုလည်း ဖြေဆိုခဲ့ပါသည်။

ပူတင်မှ အစည်းအဝေးတက်ရောက်သည့် သတင်းထောက်များ၏မေးမြန်းမှုကို ဖြေဆိုရာတွင် ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံသည် ရပ်တည်ချက်အနေအထားနှင့်အခြေခံသဘောအရ အကြမ်းဖျင်း တူညီကြောင်း၊ ရုရှားနိုင်ငံသည် တရုတ်နိုင်ငံ၏ “the Belt and Road”စီမံကိန်း၏ ကြိုးပမ်းအားထုတ်မှုကို ထောက်ခံ ကြောင်း လေးနက်စွာပြောဆိုခဲ့ပါသည်။ ရုရှားနိုင်ငံသည် နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များ၏ အကျိုးစီးပွားကို လေးစားကြောင်း ပူတင်က ပြောသည်။ ၎င်းမှာ တရုတ်နိုင်ငံက ရုရှားနိုင်ငံကို ဆက်ဆံ သောနည်းလမ်းပင် ဖြစ်ပါသည်။

“တရုတ်-ရုရှားဆက်ဆံရေးသည် နောက်ထပ်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ပိုမိုနက်ရှိုင်း၊ ပိုမို အဓိပ္ပါယ် ပြည့်ဝလာမည်ဖြစ်ကြောင်း ကျွန်‌တော်တို့ယုံကြည်ပါတယ်။ တရုတ်နှင့် ရုရှား နှစ်နိုင်ငံပြည်သူများ အတွက် အပြုသဘောဆောင်သော တက်ကြွသည့် ထိရောက်မှုရှိစေမှာ ဖြစ်တယ်” ဟု ပူတင်က လေးလေးနက်နက် ပြောကြားခဲ့သည်။ “တရုတ်-ရုရှား ဆက်ဆံရေးသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အရေးပါသည့်အချက်တစ်ချက် ဖြစ်ပါသည်။”

အနောက်နိုင်ငံများမှ တရုတ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုနှင့် ကန့်သတ်မှုများသည် “လုံးဝယုတ္တိမရှိ သော” “နိုင်ငံတကာဥပဒေကို ချိုးဖောက်သော” လုပ်ဆောင်ချက်များဖြစ်ကြောင်း ပူတင်က ပြောသည်။ အဆိုပါနိုင်ငံများမှ တရုတ်နိုင်ငံအပေါ် ပြိုင်ဆိုင်မှုအရ လုပ်ဆောင်ချက်များသည် “နားလည်ရခက်”ပြီး တစ်ခါတရံ “စက်ဆုပ်ဖွယ်ရာ”ဖြစ်စေပါသည်။