တရုတ်-လာအိုနှစ်နိုင်ငံအစိုးရတို့အကြား နိုင်ငံဖြတ်ကျော်မီးရထားလမ်းဆိုင်ရာသဘောတူစာချုပ် ချုပ်ဆို

2021-12-02 10:56:05 |သတင်းအရင်းအမြစ် 新华网

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် လာအိုပြည်သူ့ဒီမိုကရက်သမ္မတနိုင်ငံ အစိုးရတို့အကြား နိုင်ငံဖြတ်ကျော်မီးရထားလမ်းဆိုင်ရာ သဘောတူစာချုပ်” လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဗီဒီယိုပုံစံဖြင့် တရုတ်နိုင်ငံ ပေကျင်းမြို့နှင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့ပါသည်။ ၎င်းသဘောတူစာချုပ်သည် တရုတ်နှင့်လာအိုနှစ်နိုင်ငံအကြား မီးရထားလမ်းဆိုင်ရာ ပထမဆုံး အစိုးရပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် ဖြစ်ပါသည်။

တရုတ်-လာအိုမီးရထားလမ်းသည် လျှပ်စစ်ဓာတ်အသုံးပြုသော ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး မီးရထားလမ်းဖြစ်ပြီး တစ်နာရီလျှင် ၁၆၀ ကီလိုမီတာ (အချို့သောနေရာတွင် တစ်နာရီ ကီလိုမီတာ ၂၀၀) ပြေးဆွဲနိုင်ပြီး တည်ဆောက်မှုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှစတင်ခဲ့ပါသည်။ ၎င်းမီးရထားလမ်း၏ စုစုပေါင်းအရှည်သည် ၁၀၃၅ ကီလိုမီတာရှိပြီး တရုတ်နိုင်ငံ ကူမင်းမြို့မှ တောင်ဘက်၏ တရုတ်ဖူအလ်၊ မော်ဟန်းနယ်စပ်ဂိတ်မှတစ်ဆင့် လာအိုနိုင်ငံသို့ ဝင်ရောက်ကာ နောက်ဆုံးတွင် လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းမြို့ကို ရောက်ရှိမည်ဖြစ်ပါသည်။