တရုတ်-လာအို မီးရထားလမ်း ယွီရှီ-မိုဟန်လမ်းပိုင်းအတွက် လက်မှတ်များကို ဒီဇင်ဘာလ ၂ ရက်နေ့ စတင်ရောင်းချမည်

2021-12-03 11:44:45 |သတင်းအရင်းအမြစ် 新华网

တရုတ်မီးရထား ကူမင်းဗျူရိုအုပ်စုကုမ္ပဏီလီမိတက်၏ ထုတ်ပြန်ချက်အရ တရုတ်-လာအို ရထားလမ်းကို ဒီဇင်ဘာလ ၃ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ယွီရှီ-မိုဟန်လမ်းပိုင်း၏ ရထားလက်မှတ်များကို ဒီဇင်ဘာလ ၂ ရက်နေ့၌ စတင်ရောင်းချမည် ဖြစ်ကြောင်း သိရပါသည်။

တရုတ်-လာအို မီးရထား၏ စုစုပေါင်း အရှည်မှာ ကီလိုမီတာ ၁၀၀၀ ကျော်ရှိပြီး ယူနန်ပြည်နယ် ကူမင်းမြို့မှထွက်ပြီး လာအို-ဗီယင်ကျန်းသို့ ရောက်ရှိသည်။ ဖွင့်လှစ်ပြီးနောက် ယူနန်ပြည်နယ် ဖူအော်မြို့၊ ဆစ်ဆောင်ပန်းနားပြည်နယ်ခွဲတို့သည် ရထားလမ်းမရှိသော သမိုင်းကို အဆုံးသတ်တော့မည်ဖြစ်သည်။ ကူမင်းမှ ဆစ်ဆောင်ပန်းနားသို့ အမြန်ဆုံးအချိန် ၃ နာရီ ၂၄ မိနစ်ဖြင့် ရောက်ရှိနိုင်ပြီး ကူမင်းမှ ဖူအော်မြို့သို့ အမြန်ဆုံးအချိန် ၂ နာရီ ၄၆ မိနစ်ဖြင့် ရောက်ရှိနိုင်ကြောင်း သိရပါသည်။

ခရီးသည်များ၏ ကွဲပြားခြားနားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ရထားစီးခ ပေးချေခြင်းစနစ်ကို အကောင်အထည်ဖော်ထားကြောင်း သိရပါသည်။ ကူမင်းမှ ဖူအော် ရထားခသည် တရုတ်ငွေ ယွမ် ၁၁၉ မှ ၁၇၀ အထိဖြစ်ပြီး ကူမင်းမှ ဆစ်ဆောင်ပန်းနား ရထားခသည် တရုတ်ငွေ ယွမ် ၁၄၇ မှ ၂၁၇ အထိ၊ ကူမင်းမှ မိုဟန် ရထားခသည် တရုတ်ငွေ ယွမ် ၂၄၄ မှ ၂၇၁ အထိဖြစ်ကြောင်း သိရပါသည်။

တရုတ်-လာအို မီးရထားလမ်း ယွီရှီ-မိုဟန်လမ်းပိုင်း၏ ရထားလက်မှတ်များကို အင်တာနက်၊ လက်မှတ်ရောင်းပြတင်းပေါက်များနှင့် ကိုယ်တိုင်ဝန်ဆောင်မှု လက်မှတ်အရောင်းစက်များမှတစ်ဆင့် ဝယ်ယူနိုင်ကြောင်း မီးရထားဌာနက အသိပေးကြေညာထားသည်။