ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ရာတွင် Extracorporeal Membrane Oxygenation(ECMO)သည် အလွန် အရေးပါသော စက်ကိရိယာတစ်မျိုးဖြစ်သည်။ ၎င်းသည် ရောဂါလက္ခဏာ အလွန်ပြင်းထန် သော နှလုံးနှင့်အဆုတ်စွမ်းအားကုန်ခန်းဆုံးပါးလူနာများအတွက် ကိုယ်ခန္ဓာပြင်ပ အဆက်မပြတ် အသက်ရှူခြင်းကို ပေးစွမ်းပြီး လူနာများ၏ အသက်ကို ဆက်လက်ထိန်းသိမ်းရန် အဓိကသုံးပါသည်။ ရောဂါလက္ခဏာများအတွက် အသက်ကယ်ရန် ထိရောက်မှုအရှိဆုံး စက်ကိရိယာဟုလည်း လူသိများ သည်။ ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံမှ သုတေသီပညာရှင်များသည် မိမိတို့၏စွမ်းအားနှင့်ဉာဏ်ပညာဖြင့် တီထွင်ထုတ်လုပ်ထားသော ECMO စက်ကို လက်တွေ့ဆေးကုခြင်း၌ အသုံးပြုနေပြီဖြစ်သည်။