လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ရှီကျင့်ဖိန်၏ ပြောဆိုချက်

2021-12-09 18:49:29 |သတင်းအရင်းအမြစ် CRI

ဒီဇင်ဘာလ ၇ ရက်နေ့တွင် "လူ့အခွင့်အရေး လေးစားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ရှီကျင့်ဖိန်၏ ပြောဆိုချက်များမှ ကောက်နုတ်ချက်" ဟူသောစာအုပ်ကို တရုတ်နိုင်ငံတွင် ထုတ်ဝေဖြန့်ချိခဲ့သည်။ လူ့အခွင့်အရေးကို လူတိုင်းအပြည့်အဝခံစားခွင့်ရှိရေးသည် လူ့သား အားလုံး၏ အိပ်မက်ကြီးတစ်ခုဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်သည့် နှစ်ပေါင်း ၇၀ ကျော်အတွင်း တရုတ်နိုင်ငံသည် လူ့အခွင့်အရေးဆိုင်ရာ အထွေထွေမူများကို တရုတ်နိုင်ငံ၏ လက်တွေ့အခြေအနေနှင့် ပေါင်းစပ်ပြီး တရုတ်နိုင်ငံ၏ အခြေအနေများနှင့် ကိုက်ညီသည့် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့ သည်။ ၂၀၁၂ ခုနှစ်မှစ၍ ရှီကျင့်ဖိန် သည် လူ့အခွင့်အရေး လေးစားခြင်းနှင့် ကာကွယ်ခြင်း ဆိုင်ရာ အရေးကြီးသော ပြောဆိုချက်များကို ထုတ်ဖေါ်ပြောကြားခဲ့သည်။ ယနေ့တွင် အယ်ဒီတာသည် လူ့အခွင့်အရေးကို လေးစားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ရှီကျင့်ဖိန်၏ ပြောဆိုချက်အချို့ကို ကောက်နုတ်ဖော်ပြ ပါမည်။