ဒီဇင်ဘာလ ၈ ရက်နေ့တွင် တရုတ်အမျိုးသားဆေးဘက်ဆိုင်ရာထုတ်ကုန်များ ကြီးကြပ်အုပ်ချုပ်ရေးဌာနမှ သတင်းအရ Brii Biosciences ဆေးပညာကုမ္ပဏီက သုတေသနပြုထုတ်လုပ်သော ကိုဗစ်-၁၉ အထူးကုဆေး BRII-196 နှင့် BRII-198 ထိုးဆေးကို အရေးပေါ် အခြေအနေတွင် အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း သတင်းအရ သိရပါသည်။
၎င်းသည် တရုတ်နိုင်ငံတွင် ပထမဆုံး အသိဉာဏ်မူပိုင်ခွင့်ရှိ ကိုဗစ်ရောဂါပိုး ပျက်ပြယ်ခြင်း နှင့် ရောဂါခုခံအား ဖြစ်ပေါ်နိုင်စေသော ပေါင်းစပ်ကုထုံးဆေးဖြစ်သည်။
အဆိုပါဆေးနှစ်မျိုးသည် ရောဂါလက္ခဏာ မပြင်းထန်သော သာမန်အခြေအနေရှိသည့် လူနာများအတွက် ဆေးကုသပေးနိုင်ပြီး ရောဂါလက္ခဏအခြေအနေ ပြင်ထန်းခြင်းသို့ ဖြစ်ပေါ်နိုင်သူ၊ ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ် အထက်လူငယ် (အသက် ၁၂ နှစ်မှ ၁၇ နှစ်အထိ) များနှင့် လူကြီးအတွက်လည်း ဆေးကုပေးနိုင်သည်။
နောက်ဆုံးထုတ်ပြန်ထားသော တတိယအပိုင်းလက်တွေ့စမ်းသပ်ခြင်း အဖြေရလဒ်အရ၊ ၎င်းဆေးသည် ကိုဗစ်-၁၉ ဆေးကုရာတွင် ပေါင်းစပ်အသုံးပြုခြင်းဖြင့် ကိုဗစ်-၁၉ လူနာ၏ ဆေးရုံတက်ကုသခြင်းနှင့် သေဆုံးနိုင်ခြေကို ၈၀% ထိလျှော့ချနိုင်ပြီး ကိုဗစ်-၁၉ ကနဦးစွဲကပ်လျှင် ဆေးကုရန် အကောင်းဆုံးအချိန်သည် ၁၀ ရက်ကြာရှိသည်။ ထို့ပြင် ၎င်းဆေးနှစ်မျိုးသည် ကမ္ဘာပေါ်တွင် ယခုအချိန်အထိ ဗီဇပြောင်း ဗိုင်းရပ်အတွက် တစ်ခုတည်းသော အထောက်အပံ့ပေးသည့် ပေါင်းစပ်ကုထုံးသစ်ဖြစ်ပြီး အဖြေရလဒ် အကောင်းဆုံး ရရှိသော ခုခံအားပံ့ပိုးပေးသည့် ဆေးဖြစ်သည်။