ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ စန်းတုံးပြည်နယ် ယုံချိန်မြို့ရှိ တံငါတို့သည် မိမိ၏ခြံဝန်း၌ လတ်ဆတ်သည့်ငါးများကို ပင်လယ်ရေဖြင့် ဆေးကြောသန့်စင်ပြီး စင်ပေါ်တွင် ချိတ်ဆွဲစီတန်းကာ နေလှမ်းနေကြသည်။
ယခုကဲ့သို့သော ငါးခြောက် ပြုလုပ်သည့်လုပ်ငန်းစဉ်သည် နှစ်ပေါင်းတစ်ထောင်ကျော် သမိုင်းကြောင်းရှိပြီ ဖြစ်ပြီး စားရသည်မှာ အရသာကောင်းသောကြောင့် နေရာအသီးသီးသို့ ပို့ဆောင်နေရကာ ရောင်းကောင်းလျက်ရှိသည်။