တရုတ်နိုင်ငံသည် ပြည်သူ နှင့် ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်ထားကာ လူ့အခွင့်အရေးကို မြှင့်တင်ရေး လုပ်ငန်းစဉ်တွင် ပြည်သူများ၏ ဒီမိုကရေစီမြှင့်တင်ရေး၊ ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေဖြစ်သည့် လူအခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို အောင်မြင်စွာ စတင်နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး မြှင့်တင်မှုလုပ်ငန်းစဉ်တွင် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ ပြည်သူ ၁.၄ ဘီလီယံကျော်သည် လူ့အခွင့်အရေး ကာကွယ်မှုအပေါ်တွင် ရရှိမှု၊ ချမ်းမြေ့သာယာမှုနှင့် လုံခြုံရေးတို့သည် ဆက်လက်တိုးမြင့်လာခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၁ ခုနှစ် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ လူ့အခွင့်အရေးဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ရာတွင် တရုတ်ကွန်မြူနစ်ပါတီ၏ လူထုကိုဗဟိုပြုသည့် လူ့အခွင့်အရေး အတွေးအမြင်ကို လေးလေးနက်နက် ရှင်းလင်းဖော်ပြခဲ့သည်။ ၎င်းသည် လူသားအားလုံး၏ ဘုံတန်ဖိုး နှင့် နိုင်ငံတကာ လူ့အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ရေး၏ သမိုင်းပေးတာဝန်ကို မြှင့်တင်ပေးသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ နှစ် ၁၀၀ သည် လူ့အခွင့်အရေးကို လေးစားလိုက်နာ၊ ကာကွယ်၊ အကောင်အထည်ဖော်ခဲ့သည့် နှစ် ၁၀၀ ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီစတင်တည်ထောင်ချိန်မှစ၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခြင်း အလံကို လွှင့်ထူခဲ့ကြောင်း၊ အမျိုးသားလွတ်လပ်ရေးနှင့် ပြည်သူများ၏ လွတ်မြောက်ရေးတို့ကို အကောင်အထည်ဖော်ရန် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကာ ပြည်သူဆန္ဒကိုဦးစားပေးသည့် တရုတ်နိုင်ငံတော်သစ်ကို ထူထောင်နိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံတော်သစ်ကို တည်ထောင်ပြီးနောက် CPC သည် ပြည်သူကိုဦးဆောင်ပြီး ဆိုရှယ်လစ်တော်လှန်ရေးနှင့် အခြေခံဆိုရှယ်လစ်စနစ်ကို ထူထောင်ကာ တရုတ်လူ့အခွင့်အရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံ နိုင်ငံရေးဆိုင်ရာ လိုအပ်ချက်များနှင့် အဖွဲ့အစည်းဆိုင်ရာ အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့သည်။ ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်လှစ်ချိန်မှစ၍ တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်သွင်ပြင်လက္ခဏာများနှင့် ကိုက်ညီသော ဆိုရှယ်လစ်လမ်းစဉ်ကို ဖွင့်လှစ်လျှောက်လှမ်းခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (၁၈)ကြိမ်မြောက် အမျိုးသား ကွန်ဂရက်မှစ၍ တရုတ်သွင်ပြင်လက္ခဏာများဖြင့် ဆိုရှယ်လစ်စနစ်သည် ခေတ်သစ်တစ်ခုသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ သမ္မတ ရှီကျင့်ဖိန်နှင့်အတူ ပါတီဗဟိုကော်မတီသည် လူနေမှုဘဝနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံလူ့အခွင့်အရေးအဖြစ်ထားရှိကာ ပြည်သူအားလုံး၏ စီပွားရေး၊ နိုင်ငံရေး ၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးများကို ပေါင်းစပ်ညှိနှိုင်းကာ မြှင့်တင်မှုများလုပ်ဆောင်ခဲ့ကြောင်း၊ လူမှုတရားမျှတမှုနှင့် ပြည်သူများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရှိသော ဘက်စုံအတော်အသင့် ပြည့်စုံ ကြွယ်ဝသည့် လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်ခဲ့ကြောင်း၊ ၎င်းသည် လူ့အခွင့်အရေး၏ အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာစေပြီး လူ့အခွင့်အရေး၏ အနက်အဓိပ္ပါယ် နှင့် အမြင်ကို ကျယ်ပြန့်စေကြောင်း၊ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးလမ်းကြောင်းသစ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။
တရုတ်နိုင်ငံကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူများ၏ ချမ်းမြေ့သာယာမှုနှင့် လူနေမှုအသိုင်းအဝိုင်းအတွက် တိုးတက်မှုကို ရှာဖွေရန် အခိုင်အမာ လက်ကိုင်ထားကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် လူ့အခွင့်အရေးနယ်ပယ်တွင် ကျယ်ပြန့်သော အပြန်အလှန်ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို စိတ်အားထက်သန်စွာ ဖြည့်ဆည်းပေးကာ လူသားမျိုးနွယ်၏ ကံကြမ္မာအကျိုးတူအသိုက်အဝန်းကို တည်ဆောက်သွားရန် ကြိုးပမ်းနေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စီမံရေးတွင် တရုတ်ဉာဏ်ပညာ အတွေးအမြင်များကို ပံ့ပိုးပေးခဲ့ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စီမံရေးကို တရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ဦးတည်ချက်ဆီသို့ စဉ်ဆက်မပြတ် မြှင့်တင်ပေးခဲ့သည်။
ခေတ်မီ ဆိုရှယ်လစ်နိုင်ငံတော် တည်ဆောက်ရေး ခရီးစဉ်သစ်တွင် တရုတ်ကွန်မြူနစ်ပါတီသည် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်သစ်ကို ဆုပ်ကိုင်ကာ ဖွံ့ဖြိုးတိုးတက်မှုအတွေးအမြင်သစ်ကို အကောင်အထည်ဖော်ပြီး ဖွံ့ဖြိုးတိုးတက်မှုအခင်းအကျင်းသစ်နှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကိုတည်ဆောက်ကာ လူသားအားလုံး ပိုမိုပျော်ရွှင်ကျန်းမာသောဘဝနှင့် လူ့အခွင့်အရေးအဆင့်အတန်းမြင့်မားရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမိုကြီးမားသော အကျိုးဆောင်မှုပေးနိုင်သည်မှာ သေချာကြောင်း သိရသည်။(Xinhua)