ယူနန်နီလက်။ ။ ကျောက်တောင်မှသည် “တိမ်ရောင်စုံပန်းပင်လယ်”ဖြစ်လာ

2021-12-14 17:25:40 |သတင်းအရင်းအမြစ် 云南网

ယူနန်ပြည်နယ် နီလက်မြို့ရှိ ထိုက်ဖျင်ဟူသစ်တောကျေးရွာတွင် သစ်ပင်အင်းအိုင် စီတန်းလျက်ရှိပြီး ပန်းများဖူးပွင့်ကာ ဟောင်ကောင်၊ မကာအို၊ ပေကျင်း၊ ရှန်ဟဲ၊ ကွမ်တုံး စသည့်ဒေသများမှ ခရီးသည်များကို ဆွဲဆောင်နေပါသည်။

ဤနေရာသည် လွန်ခဲ့သော(၄)နှစ်က မြေလွတ်မြေရိုင်း ဖြစ်ပါသည်။ (၂၀၁၆)ခုနှစ်က ထိုက်ဖျင် ဟူသစ်တောကျေးရွာစီမံကိန်း စတင်ခဲ့ခြင်းကြောင့် ယခုကျေးရွာလေးသည် “တိမ်ရောင်စုံ ပန်းပင်လယ်” ဖြစ်လာရပါသည်။ ကျေးရွာဘေးပတ်ဝန်းကျင်ရှိ ရွာသူရွာသားများသည်လည်း ကျေးရွာကိုမှီပြီး နေထိုင်မှုအသစ်ပုံစံများ ရရှိလာပါသည်။