ပြည်ပအဖွဲ့အစည်းများသည် တရုတ်နိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို အကောင်းမြင်ကြ

2021-12-17 13:38:52 |သတင်းအရင်းအမြစ် 新华网

ယခုနှစ်ကုန်ခါနီးတွင် The Wall Street ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများသည် တရုတ်ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုများ ဖြန့်ကျက်ရန် အရှိန်မြှင့်တင်ဆောင်ရွက်ကာ လာမည့်နှစ်သစ်တွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမြတ်ဝေစုများကို မျှဝေရန် မျှော်လင့်နေကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ရာစုနှစ်တစ်ခု၏ အပြောင်းအလဲများနှင့် ရာစုကပ်ရောဂါကို ကိုင်တွယ်ရာတွင် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်သူအဖြစ် ဆက်လက်ထိန်းသိမ်းနိုင်သည်မှာ တရုတ်နိုင်ငံစီးပွားရေး၏ ထူးခြားသောအလားအလာနှင့် စွဲဆောင်မှုကိုပေါ်လွင်စေကြောင်းနှင့် ကမ္ဘာစီးပွားရေး တည်ငြိမ်စွာ နလန်ထူလာစေရန်အတွက် ခိုင်မာသော တွန်းအားပေးခဲ့ကြောင်း စျေးကွက်လေ့လာသုံးသပ်သူများက ယုံကြည်ကြသည်။


ရင်းနှီးမြှုပ်နှံမှု ဝန်ဆောင်ပေးသည့် ကုမ္ပဏီ American Vanguard Group သည် လာမည့်နှစ်တွင် တရုတ်ဈေးကွက်အတွက် ရွေးချယ်ထားသော စတော့ရှယ်ယာရန်ပုံငွေများ စတင်ရန်စီစဉ်ထားကြောင်း ၊ ၎င်းမှာ ပထမဆုံးအနေဖြင့် အသစ်ပေါ်ထွန်းလာသည့် ဈေးကွက်တွင် နိုင်ငံတစ်ခုတည်း၌ ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှုကို စတင်မည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုသည် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုခွဲဝေခြင်း၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ကြောင်း မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။


အမေရိကန် “Barron’s ” က Vanguard Group သည် ယခင်က ဥရောပ၊ အာရှ၊ သို့မဟုတ် အသစ်ပေါ်ထွန်းလာသည့် ဈေးကွက်များကိုသာ ပစ်မှတ်ထား၍ ရန်ပုံငွေထုတ်ကုန်များ ထုတ်လုပ်ခဲ့ကြောင်း၊ ဂျပန်စီးပွားရေး အထွတ်အထိပ်ရောက်ဖွံ့ဖြိုးတိုးတက်စဉ်မှာပင် ဂျပန်ဈေးကွက်ကို ပစ်မှတ်ထား၍ ရန်ပုံငွေမထုတ်ခဲ့ကြောင်း ထောက်ပြခဲ့သည်။ ယခုအကြိမ် တရုတ်ဈေးကွက်အတွက် ရွေးချယ်ထားသော စတော့ရှယ်ယာရန်ပုံငွေများ စတင်ခြင်းသည် တရုတ်ဈေးကွက်၏ အရေးပါမှုကို မီးမောင်းထိုးပြကြောင်း ထုတ်ပြန်ထားသည်။


The Wall Street Journal ၏ သတင်းထုတ်ပြန်ချက်အရ ယခုနှစ်နိုဝင်ဘာလကုန်အထိ ကမ္ဘာ့အကြီးဆုံး Hedge Fund ဖြစ်သည့် Bridgewater Fund သည် ၎င်း၏တတိယမြောက် တရုတ်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ ၁.၂၅ ဘီလီယံခန့် စုဆောင်းခဲ့ကြောင်း၊ ၎င်းသည် တရုတ်စျေးကွက်၏ အကြီးဆုံး နိုင်ငံခြားပုဂ္ဂလိက အစုရှယ်ယာ ရန်ပုံငွေ ကုမ္ပဏီ များထဲမှ တစ်ခုဖြစ်လာခဲ့ကြောင်း သိရသည်။


ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ဝန်ဆောင်ပေးသည့်အဖွဲ့ များထဲမှတစ်ခုဖြစ်သော BlackRock Inc. သည် ၎င်း၏နောက်ဆုံးပေါ်ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာတွင် တရုတ်နိုင်ငံ၏စတော့ရှယ်ယာနှင့်ချေးငွေလက်မှတ် စျေးကွက်များ၏အနာဂတ်စွမ်းဆောင်ရည်နှင့်ပတ်သက်၍ အကောင်းမြင်ပါကြောင်း ပြောကြားခဲ့သည်။


လက်ရှိကမ္ဘာ့စီးပွားရေးတိုးတက်မှုအလားအလာမှာမသေချာမရေရာမှုများများစွာကြုံတွေ့နေရကြောင်း၊တရုတ် ဈေးကွက်၏တည်ငြိမ်သောစွဲဆောင်မှုနှင့်တရုတ်စီးပွားရေး၏တိုးတက်မှုအလားအလာများသည်ပြည်ပအဖွဲ့အစည်းများကို ပိုမိုတန်ဖိုးထားမြတ်နိုးစေကြောင်း သုံးသပ်သူများက ဆိုသည်။


Bridgewater Fund တည်ထောင်သူ Raymond Dalio က တရုတ်နိုင်ငံ၏ လက်ရှိစီးပွားရေးတိုးတက်မှုနှုန်းသည် အနောက်ကမ္ဘာထက် အဆပေါင်းများစွာ ကျော်လွန်နေကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် “စီးပွားရေးပြိုင်ဆိုင်မှု” တွင် ဦးဆောင်မှုအနေအထားတွင် ရှိနေကြောင်း ပြောကြားခဲ့သည်။


တရုတ်ရေးရာ လေ့လာမှုဆိုင်ရာအာဂျင်တီးနားကျွမ်းကျင်ပညာရှင် Lucas Guarda က ယခုနှစ်တွင် တရုတ်နိုင်ငံ၏စီးပွားရေးသည် အလားအလာကောင်းများရှိကြောင်းနှင့် “ပြည်တွင်းပြည်ပနှစ်ဖက်လှည့်ပတ်မှု” ဖွံ့ဖြိုးတိုးတက်မှုပုံစံအသစ်ကြောင့် တရုတ်စီးပွားရေးသည် ကမ္ဘာ့ကပ်ရောဂါအခြေအနေတွင် လျင်မြန်စွာပြန်လည်ကောင်းမွန်တိုးတက်လာကြောင်း၊ တရုတ်နိုင်ငံသည် ကြီးမားသောစျေးကွက်ရှိပြီး စိန်ခေါ်မှုများကို ရင်ဆိုင်ရန် လုံလောက်သော ခံနိုင်ရည်ရှိကြောင်း ပြောကြားခဲ့သည်။


ယခုနှစ်အစပိုင်းကတည်းက တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ဆယ်ဂဏန်း တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ကြောင်း၊ ပထမ ၁၀ လတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၁၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ Hong Kong Exchange Group ၏ အမှုဆောင်အရာရှိချုပ် Ou Guansheng က နိုင်ငံခြားအရင်းအနှီးများ အဆက်မပြတ်ဝင်ရောက်လာခြင်းကြောင့် တရုတ်ဈေးကွက်နှင့် ကမ္ဘာ့ဈေးကွက်သည် ပိုမိုနီးကပ်လာသည်ဟု ဆိုသည်။


ဘယ်လ်ဂျီယံရှိ Brugger Institute for Economic Research မှ အကြီးတန်းသုတေသီ Alicia García-Herrero က ကပ်ရောဂါကို သင့်လျော်မှန်ကန်စွာ ကာကွယ်ထိန်းချုပ်မှုကြောင့် တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် တရုတ်စျေးကွက်အပေါ် အကောင်းမြင်မှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။


Eurostat အချက်အလက်အရ အီးယူ-တရုတ်ကုန်သွယ်မှုသည် ကပ်ရောဂါကာလအတွင်း သိသိသာသာတိုးတက်မှုကို ထိန်းသိမ်းနိုင်ကြောင်း၊ ယခုနှစ် ပထမ ၉ လတွင် တရုတ်နိုင်ငံသို့ အီးယူ၏ ပို့ကုန် နှင့် သွင်းကုန်သည် ယခင်နှစ်ကာလတူထက် ၁၄ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၁၇ ဒသမ ၆ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အီးယူ၏ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။


ကုန်သွယ်မှုနှင့်စီးပွားရေးဆိုင်ရာကုလသမဂ္ဂ ကွန်ဖရင့်၏ အကြီးတန်း စီးပွားရေးပညာရှင် Liang Guoyong က တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး ပြန်လည်နလန်ထူရေးအတွက် အားကောင်းသော တွန်းအားတစ်ခု ပံ့ပိုးပေးသည်ဟု ယုံကြည်ကြောင်း၊ တရုတ်နိုင်ငံသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထည့်သွင်းစဉ်းစားကာ ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် စံနမူနာပြဦးဆောင်အခန်းကဏ္ဍတွင် ပါဝင်လုပ်ဆောင်နေကြောင်း၊ တရုတ်နိုင်ငံ၏ တည်ငြိမ်သော ထုတ်လုပ်မှုနှင့် ခိုင်မာသော ပို့ကုန်စနစ်များသည် ကမ္ဘာ့စီးပွားရေး ပြန်လည်နလန်ထူလာစေရန် ခိုင်မာသော အာမခံချက်များထောက်ပံ့ပေးနေကြောင်း၊ တရုတ်နိုင်ငံသည် တည်ငြိမ်သော မက်ခရိုစီးပွားရေးမူဝါဒများကို ခိုင်မာစွာ အကောင်အထည်ဖော်ခြင်းသည် တရုတ်နိုင်ငံနှင့် ကမ္ဘာ့စီးပွားရေး ရေရှည်တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှု အတွက်အထောက်အကူ ဖြစ်ကြောင်း Liang Guoyong ကဆိုသည်။


ကင်ညာနိုင်ငံ နိုင်ငံတကာရေးရာ ပညာရှင် Cavins Adhill က တရုတ်စီးပွားရေး၏ အားကောင်းမှုသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် သိသာထင်ရှားပြီး အခြားနိုင်ငံများ၏ စီးပွားရေး ပြန်လည်နလန်ထူလာရေးအပေါ် ယုံကြည်မှုကို တိုးလာစေသည်ဟု ဆိုသည်။ (Xinhua)