တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရှီကျင့်ဖိန် ပြောကြား

2021-12-17 13:45:45 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံအကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကြိုးပမ်းသွားရန် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် နှင့် ရုပ်သံလင့်ခ်မှတစ်ဆင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ရုပ်ကြွင်းလောင်စာများမှ ဖြစ်ပေါ်သည့် သမာရိုးကျ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအား ပေါင်းစည်းဆောင်ရွက်နေစဉ်အတွင်းမှာပင် စွမ်းအင်သစ်များတွင်လည်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

နှစ်ဘက်လုံးအနေဖြင့် နျူကလီးယားစွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် မြှင့်တင်သွားရမည်ဖြစ်ကြောင်း နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နှင့် အခြားနယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလေ့လာဖော်ထုတ်သင့်ကြောင်း ဆိုသည်။ (Xinhua)