ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်တွင် အမေရိကန် ဝင်ရောက် စွက်ဖက်ခြင်းသည် တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးဟန့်တားရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ပူတင်ပြောကြား

2021-12-24 18:47:17 |သတင်းအရင်းအမြစ် 新华网

ရုရှားသမ္မတ ပူတင်က ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်သို့ အမေရိကန်နှင့် အခြားနိုင်ငံများမှ အရာရှိများ စေလွှတ်ခြင်းမပြုရန် ဆုံးဖြတ်ချက်သည် မှားယွင်းပြီး လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် ၎င်းတို့၏ ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးဟန့်တားရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ဒီဇင်ဘာ ၂၃ ရက်တွင် မော်စကို၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထောက်ပြပြောကြားခဲ့သည်။ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်တွင် ပါဝင်ရန် အရာရှိများစေလွှတ်မည်မဟုတ်ဟု အမေရိကန်နှင့် အခြားနိုင်ငံများကြေညာခြင်း၏ ရည်ရွယ်ချက်သည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးဟန့်တားရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ၎င်းမှလွဲ၍ အခြားအကြောင်းပြချက်မရှိကြောင်း ပူတင်ကဆိုသည်။ ဤဆုံးဖြတ်ချက်သည် မှားယွင်းကြောင်းနှင့် မှားယွင်းရခြင်းမှာ အားကစားကို အသုံးချပြီး ယာယီနိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းခြင်းသာဖြစ်သည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို တားဆီးနိုင်မည်မဟုတ်သည်ကို နောက်ဆုံးတွင် ၎င်းတို့ သဘောပေါက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပူတင်က အားကစားသည် အနုပညာကဲ့သို့ပင် နိုင်ငံအသီးသီးမှ လူများကြား ပြဿနာများ ဖန်တီးခြင်းထက် ပြည်သူကို စည်းလုံးညီညွတ်စေသင့်ကြောင်း ပြောကြားခဲ့သည်။ အားကစားသည် ၎င်း၏အခြေခံတန်ဖိုးများ ဆုံးရှုံးသွားပါက နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးကို ထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း ပူတင်ကဆိုသည်။ (Xinhua)