တရုတ်နိုင်ငံက RCEP အတွက် ပြင်ဆင်ထားကြောင်း စီးပွားရေးဝန်ကြီးဌာနပြော

2021-12-24 19:13:57 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံက ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်အသက်ဝင်မည့် ဒေသတွင်းဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက် အကောင်အထည်ဖော်ရေးအတွက် ကောင်းမွန်စွာ ပြင်ဆင်ထားကြောင်း စီးပွားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။သဘောတူညီချက်၏ အဓိကအချက်မှာ ယင်းသဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်းအပေါ် မူတည်ကြောင်း MOC ပြောရေးဆိုခွင့်ရှိသူ ကောင်းဖုန်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အခြားသောဌာနများနှင့်အတူ MOC အနေဖြင့် ဒေသန္တရအစိုးရများနှင့် စီးပွားရေးလုပ်ငန်းများက RCEP စည်းမျဉ်းများအား ပိုမိုနားလည်သဘောပေါက်ရန်၊ အဖွဲ့ဝင်နိုင်ငံများအကြား စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းမှု မြှင့်တင်ရန်၊ အရှေ့အာရှဒေသတွင် ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု အရည်အသွေးမြှင့်တင်ရန်နှင့် နက်ရှိုင်းရန် အထောက်အကူပြုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

RCEP သဘောတူညီချက် အသက်ဝင်လာပြီးနောက် ခွင့်ပြုထားသော အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု ၉၀ ရာခိုင်နှုန်းကျော်သည် နောက်ဆုံးတွင် စည်းကြပ်ခွန် သုညအထိ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သိရသည်၊

RCEPတွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန် စသည့်နိုင်ငံများ ပါဝင်သည်။ ယင်းနိုင်ငံ ၁၅ နိုင်ငံ၏ စုစုပေါင်း လူဦးရေ၊ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးနှင့် ကုန်သွယ်ရေးသည် ကမ္ဘာ့စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)